ဝမ်​ပေါင်နှင့်ယန်စီ

September 10, 2021

မြန်မာ ဝမ်​ပေါင်နှင့်ယန်စီလုပ်ကွက်များသို့ ဆက်သွယ်ထားသည့် ​ရေပိုက်လိုင်း ​မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၁၆ ကုတင်ဆန့် တိုက်နယ်​ဆေးရုံအနီးမှာရှိတဲ့ ​မြန်မာ ဝမ်​ပေါင်နဲ့ မြန်မာ ယန်စီ လုပ်ကွက်​တွေကို သွယ်တန်းပို့​ဆောင်​ပေးတဲ့ ​ရေပိုက်လိုင်း ၁ ခု ကို စက်တင်ဘာ ၉ ရက်ည ၁၁ နာရီဝန်းကျင်​​လောက်က မိုင်းခွဲ​ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ 

အဲဒီ​ရေပိုက်လိုင်းဟာ ချင်းတွင်းမြစ်အတွင်းက​နေ ​ကြေးနီထုတ်လုပ်​ရေး လုပ်ကွက်​တွေဆီကို အသုံးပြု​ဖို့ ပို့​ပေးတဲ့ ​ရေပိုက်လိုင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံအ​နေနဲ့ မြန်မာပြည်သူ​တွေရဲ့ ဒီမိုက​ရေစီလိုလားချက်ကို လျစ်လျူရှုပြီး စစ်​ကောင်စီဘက်က​နေ ရပ်တည်​ပေး​နေတာ​ကြောင့် အခုလို ​ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ​ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ​​ပြောပါတယ်။

မြန်မာ ဝမ်​ပေါင်နဲ့ မြန်မာယန်စီ ကုမ္ပဏီတို့ဟာ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူး​ပေါင်းပါဝင်ထားတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံ​တောင်း​တောင် နဲ့ ​ကြေးစင်​တောင်တို့မှ ​ကြေးနီသတ္တုတူး​ဖော်​ရေးလုပ်ငန်းကို အဓိကလုပ်​ဆောင်​နေတာလည်း ဖြစ်ပါတယ်။

2 years Ago
Up