ဝမ်းတွင်း၊ မလှိူင်

March 13, 2021

အတားအဆီးများကြားက သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိူင် ၄ မြို့နယ်တွင် ဆက်လက်ဆန္ဒပြ

မန္တလေးတိုင်း မိတ္ထီလာခရိုင် သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိူင်၊ ၄ မြို့နယ်မှာ စစ်တပ်နဲ့ရဲ့ အတားအဆီးတွေရှိပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

     ဆန္ဒပြသူတစ်ဦးက "စစ်တပ်နဲ့ရဲတွေက နောက်က လိုက်တယ်၊ လမ်းကြိုလမ်းကြားတွေထဲ ၄ ဖွဲ့ ၅ ဖွဲ့ ခွဲပြေးတယ်၊ စစ်တပ်နဲ့ရဲတွေ အလိုက်ရခက်သွားတယ်။ မြို့လယ်တနေရာမှာ အထိုင်ချပြီး စစ်ဆေးတယ်ဦ ရှောင်ကွင်းသွားလိုက်တယ်။ စစ်ဆေရေးလုပ်နေတော့ ငါ့များဖမ်းလိုက်လေမလားဆိုပြီး ကိုယ်ရေးကိုယ်တာ သွားလာသူတွေ သွားလာရ ခက်ခဲသွားတယ်။ လိုက်တမ်း ပြေးတမ်း ကစားနေသလိုပါပဲ" လို့ ပြောပါတယ်။

မလှိုင်ဒေသခံတစ်ဦးက     "မလှိူင်မှာ ဒီနေ့တော့ အင်အား ၃၀၀လောက်ဆန္ဒပြတယ်။ မတ်လ ၁၁ ရက်နေ့က ကွက်သစ်က မူလတန်းကျောင်အုပ်ဆရာအား ဖမ်းဆီးသွားတာကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့ ဒူးထောက်တောင်းဆိုရာ ရာဘာကျည် ကျည်အစစ် မီးခိုးဗုံးများသုံးပြီး ပစ်ခတ်ဖြိုခွင်းတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးကို ထပ်ဖမ်းဆီးတာကြောင့် စုစုပေါင်း ၅ ဦး အဖမ်းအဆီးခံခဲ့ရတယ်။ အမျိုးသားတစ်ဦး သေနတ်ကျည်ဆံမှန်ပြီး မန္တလေးဘက်မှာ ဆေးကုသခံနေရပါတယ် ဖမ်းဆီးသွားသူတွေကိုလည်း ဘယ်မှာချုပ်ထားမှန်း မသိတာကြောင့် မိသားစုတွေ စိတ်ပူနေကြတယ်" လို့ ဆိုပါတယ်။

သာစည်မြို့မှာတော့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြတာနဲ့ ဆိုင်ကယ်တွေနဲ့ အင်အား ၅၀၀ လောက် ဆန္ဒပြခဲ့ပါတယ်။

  မိတ္ထီလာမြို့မှာတော့ ဆိုင်ကယ်တွေနဲ့ အင်အား ၇၀၀ လောက် ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ပါတယ်။

   ဝမ်းတွင်းမြို့မှာတော့ ဆိုင်ကယ်တွေနဲ့ အင်အား ၄၀၀ လောက် ဆန္ဒပြခဲ့ကြပြီး မတ်လ ၁၂ ရက်နေ့ညက ကျဆုံးသွားတဲ့ ဆန္ဒပြသူတွေအတွက် မြို့ပေါ်နဲ့ ဘုရားစုရွာမှာ ပရိတ်ပဌာန်းရွတ်ဖတ်ပြီး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲလုပ်ခဲ့ပါတယ်။

2 years Ago
Up