မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ တဲစုရွာက ပျူစောထီးတယောက်ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်က ရှင်းလင်းခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။
ဒေသခံတယောက်က “ဟုတ်ပါတယ်။ ဒီနေ့မနက်ပဲ လယ်ကွင်းထဲမှာ ပစ်သတ်ခံရတာပါ။ တဲစုရွာက ဦးမင်းဌေး ခေါင်းကိုကျည်ထိပြီး နေရာတင် သေဆုံးသွားတာ သိရတယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု Wundwin Township Revolution Force-WTRF)ကတော့ ပျူသင်တန်းဆင်းထားသူ တဲစုရွာက ပျူအကြီးစား မင်းဌေးဟာ စကစ နဲ့ ပေါင်းပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတာကြောင့် မနက် ၉ နာရီလောက်မှာ သုတ်သင် ရှင်းလင်းခဲ့တယ် လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ရွာမှာ ဧပြီ ၁၉ ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၂၁ လုံး အမိုးလန် ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သွပ်ပြားတွေ လေထဲပျံနေတာ၊ ပြန်အကျမှာ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သစ်ပင်တွေလည်း ကျိုးတာကျိုး လဲတာလဲပေါ့။ လူနေအိမ်တွေနဲ့ စာသင်ကျောင်း၊ ဓမ္မာရုံ၊ သုသာန်ဇရပ်တွေ အမိုးလန်ပျက်စီးကုန်တယ်။"
မိုးသက်လေပြင်း တိုက်တာကြောင့် လူနေအိမ် ၁၈ လုံးနဲ့ အလယ်တန်းကျောင်းဝန်းထဲက မူလတန်းစာသင်ဆောင် အမိုးလန်သွားပြီး ဓမ္မာရုံ၊ သုသာန်ဇရပ် အပါအဝင် အဆောက်အဦပေါင်း ၂၁ ခု အမိုးလန် ပျက်စီးခဲ့တာပါ။
လူနေအိမ်ပျက်စီးပြီး ပြန်လည်နေထိုင်ဖို့ ခက်ခဲတဲ့ မိသားစုတွေကို နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက နေရာချထားပေးတယ်လို့ သိရပါတယ်။
မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ အဆောက်အဦတွေ ပျက်စီးပေမယ့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။