မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ဝမ်းတွင်းစည်ပင်
Home
ဝမ်းတွင်းစည်ပင်
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 27, 2020
255
စျေးဆိုင်ခန်းခနှင့် နေရာချထားမှု မကျေနပ်သဖြင့် ဝမ်းတွင်းစည်ပင်ကို စျေးသည်များ ဆန္ဒပြ
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ စျေးဆိုင်ခန်းခတွေ အဆမတန်ကောက်ခံနေတာနဲ့ စျေးဆိုင်ခန်းနေရာချထားတာကို မကျေနပ်တဲ့အတွက် ဝမ်းတွင်းစည်ပင်ကော်မတီအား ဝမ်းတွင်းစျေးသည်တွေက ဒီဇင်ဘာလ ၂၇ ရက်မနက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အဆမတန်တက်ပြီး ကောက်ခံထားတဲ့ စျေးဆိုင်ခန်းခ လျော့ချရေး၊
ဆိုင်ခန်းများ မူလနေရာအတိုင်း ပြန်လည်ရရှိရေး၊
ဆိုင်ခန်းခများအား စျေးသည်များနဲ့ ညှိနှိူင်း ကောက်ခံပေးရေး၊ ဝမ်းတွင်းစျေးအတွင်း ပွင့်လင်းမြင်သာမှူ ရှိရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
ကုန်ခြောက်ဆိုင်ရှင်စျေးသည် မစူးက "အစ်မ အပါအဝင် စျေးသည် ၃ ဦးရဲ့ ဆိုင်ခန်းတွေ မူလနေရာမဟုတ်လို့ ကော်မတီကို သွားပြောတယ်၊ ပြန်လုပ်မပေးနိုင်ဘူး ပြောတယ်။ ကျမရဲ့ မူလဆိုင်ခန်း C7 ကို ပြန်မပေးဘူး၊ C8 ကိုပေးတယ်၊ C7 ကို လေလံတင်ပြီး ရောင်းစားလိုက်တယ်။ ကျမနဲ့ ကျောချင်းကပ်လျက် ဆိုင်ခန်းကျတော့ ဆိုင်ခန်း ၂ ခန်း တနေရာစီဖြစ်နေလို့ ဆိုပြီး ပူးပေးတယ်။ ဒါဟာ တရားမျှတမှူမရှိဘူး၊ နိုင်ထက်စီးနင်းလုပ်တာ” လို့ ပြောပါတယ်။
စျေးအသစ် ဆောက်ပေးတယ်ဆိုပြီး စျေးဆိုင်ခန်းခ တိုးမကောက်သင့်ဘဲ တနိုင်လုံးမှာ မကောက်ခံတဲ့ နှုန်းထားတဲ့ စျေးဆိုင်ခန်းခ ကောက်နေတာလို့ ဈေးသည်တွေက ပြောပါတယ်။
စျေးသည်ဒေါ်ဆွေဆွေဝင်းက “စျေးဆိုင်ခန်းအသစ်နှူန်းနဲ့ ၄ လပိုင်း၊ ၅ လပိုင်းအတွက် အခွန်ကောက်ပါတယ်။ စျေးဆိုင်အသစ်ပေါ်ကို ၆ လပိုင်း လဝက်လောက်မှ တက်ရောင်းရတာပါ။ စျေးဆိုင်ခန်းခ အရင်က ၂ ထောင်ပဲပေးရတယ်၊ အခုက ၁ သောင်းခွဲ ပေးရတော့ ၇ ဆ ၈ ဆ လောက် တက်ထားတယ်။ ကိုဗစ်ကာလဖြစ်လို့ စျေးသည်တွေမှာ သိတ်ခက်ခဲနေပါတယ်၊ အဆင်မပြေပါဘူး ဒါကြောင့် ဆန္ဒပြရတာပါ” လို့ ပြောပါတယ်။
ဝမ်းတွင်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးစံမင်းအောင်က “ပျံကျစျေးသည်တွေတောင် တရက် ၅၀၀ ကျပ်နဲ့ ၁ လ ၁ သောင်းခွဲလောက် ပေးဆောင်နေရတယ်။ ကိုယ့်ဆိုင်ခန်းနဲ့ ကိုယ် လုံလုံခြုံခြုံ နေခွင့်ရောင်းခွင့် ရနေတာ ၁ သောင်းခွဲက မများပါဘူး။ ဆိုင်ခန်းအပြောင်းအလဲတွေ ရှိသွားပါတယ်။ မူလစျေးဟောင်းတုန်းက ၄ ခန်းတွဲ ၈ ခန်းတွဲတွေကို ပြန်စိစစ်ပြီး လုပ်ရပါတယ်။ စျေးဆိုင်ခန်းခတွေကို စျေးသည်တွေ အဆိုပြုပြီးမှ လုပ်ထားတာပါ။ စျေးသည်တွေက ကျနော်တို့ လုပ်ပေးရင် ရတယ် ထင်နေတယ်။ ၂၀၂၁ စည်ပင် ဥပဒေပြောင်းသွားပါပြီ။ ၂၀၁၉/၂၀ မှာ လုပ်ပေးနိုင်တာ လုပ်ပေးခဲ့ပါတယ်။ ကော်မတီက လုပ်ပိုင်ခွင့်မရှိပါဘူး၊ ဝန်ကြီးဆီအထိ တင်ပြရပါတယ်" လို့ ပြန်လည်ဖြေရှင်းပြောပါတယ်။
ဝမ်းတွင်းစျေးကို
၁၉၉၀ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး စျေးဆိုင်ခန်းပေါင်း ၂၆၇ ခန်း ရှိပြီး အခု စျေးအသစ်မှာတော့ စျေးဆိုင်ခန်း ၃၄၇ ခန်း ရှိတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် မီနီဘတ်ဂျက်ကစပြီး သိန်းပေါင်း ၅,၀၀၀ ကျော် အကုန်အကျခံကာ စျေးအသစ် ပြန်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း
2 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up