ဝမ်ဘစ်ဆာကာ

October 19, 2020

ဝမ်ဘစ်ဆာကာကို ဖာနန်ဒက်စ် ချီးကျူး

ဝမ်ဘစ်ဆာကာဆီမှာ ဂိုးသွင်းယူနိုင်လောက်တဲ့ ကန်ချက်မျိုး ရှိမယ်မထင်ခဲ့ဘူးလို့ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။  ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ခံစစ်ပိုင်းနဲ့ပတ်သက်လို့ ချီးကျူးခံရတာတွေ ရှိပေမဲ့ တိုက်စစ်လိုက်ပါမှုအပိုင်းနဲ့ ဂိုးသွင်းယူမှုမှာတော့ ထင်သလောက် မကောင်းဘဲ ဖြစ်နေတာပါ။  နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာတော့ ဝမ်ဘစ်ဆာကာက  တတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။  ဘစ်ဆာကာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာ ပျော်ရွှင်မိပြီး အရည်အချင်းကောင်းတွေရှိတဲ့ ဘစ်ဆာကာအနေနဲ့ အဲဒီလိုဂိုးတွေနဲ့ ထိုက်တန်မှုရှိတယ်လို့လည်း ဖာနန်ဒက်စ်က ချီးကျူးပါတယ်။
12 months Ago

May 13, 2020

ဝမ်ဘစ်ဆာကာဟာ မန်ယူအသင်း၏ တနှစ်တာ အကောင်းဆုံးကစားသမားဟု လုခ်ရှော သုံးသပ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ အသင်းရဲ့ တနှစ်တာ အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ အသင်းဖော် လုခ်ရှောက ပြောပါတယ်။ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ အခုနှစ်ရာသီကမှ ခရစ္စတယ်ပဲလေ့အသင်းကနေ ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း မန်ယူအသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာဟာ အခုနှစ်ရာသီမှာ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး ကစားသမား ဖြစ်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီပေးခဲ့ရတဲ့ အမှားတကြိမ်သာ ရှိခဲ့တယ်လို့ လုခ်ရှောက ပြောပါတယ်။  သူဟာ လူကပ်ကစားရာမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဖြစ်ပြီး ဘယ်သူကမှ သူ့ကို ကျော်ဖြတ်နိုင်ခြင်းမရှိကြောင်းလည်း လုခ်ရှောက ချီးကျူးပါတယ်။ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်မှာ ဒဏ်ရာပြဿနာသာ မရှိခဲ့ဘူးဆိုရင်တော့ အသင်းရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆု ရနိုင်တယ်လို့လည်း လုခ်ရှောက ပြောပါတယ်။
1 year Ago
Up