ဝမ်းဗိုက်တဖြည်းဖြည်းကြီးလာပြီး ဒုက္ခရောက်နေသည့် သနားစဖွယ်ကလေးငယ်

June 9, 2017

ဝမ်းဗိုက်တဖြည်းဖြည်းကြီးလာပြီး ဒုက္ခရောက်နေသည့် သနားစဖွယ်ကလေးငယ် (ရုပ်သံ)

ရှာဂူလ် မာဇရီဟာ အသက် ၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်တဦးဖြစ်ပြီး လက်ရှိမှာတော့ ကမ်းခြေဘောလုံးတလုံးမကတဲ့ အရွယ်အစားရှိတဲ့ ဗိုက်ကြီးတလုံးနဲ့ ဒုက္ခရောက်နေရပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်ထဲမှ ဂူဒူးမြို့ကလေးမှာ နေထိုင်တာဖြစ်ပြီး ငယ်စဉ်ကတည်းက Hirschsprung လို့ခေါ်တဲ့ အူပိတ်ရောဂါကို ခံစားနေခဲ့ရတာပါ။ ရှာဂူလ် မာဇရီဟာ ဖခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် နီရက်ဇ် မာဇရီနဲ့ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် မီရန် ဇိုဟရန်တို့ရဲ့ တတိယမြောက်သားဖြစ်ပြီး မွေးဖွားစဉ်ကတော့ သာမန်အခြေအနေနဲ့ မွေးဖွားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ သူ့ရဲ့ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ကြီးထွားလာနေခဲ့ကာ ခုလောက်အရွယ်အစားထိ ဖြစ်လာခဲ့တာပါ။ သူတို့ဟာ သားဖြစ်သူအတွက် စိတ်ပူနေကြပြီး ကျောင်းမှာ အနိုင်ကျင့်ခံရမှာစိုးရိမ်လို့ ကျောင်းကို မပို့ဘူးလို့ ဆိုပါတယ်။
4 years Ago
Up