ဝမ်းတွင်းမြို့နယ်တွင် နွားမက လူပုံစံ နွားကလေး မွေး

February 3, 2019

ဝမ်းတွင်းမြို့နယ်တွင် နွားမက လူပုံစံ နွားကလေး မွေး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု ဆယ်ရွာကျေးရွာမှာ နွားမက လူပုံစံ နွားကလေး မွေးလာတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဒေသခံတွေက ပြောပါတယ်။ ဆယ်ရွာကျေးရွာနေ နွားပိုင်ရှင်ဦးပိန်က “နွားမတန်း နွားမပါ။ အခုကျတဲ့သားက ပထမဆုံး ကျတာပေါ့။ မွေးမွေးချင်း အသေလေးမွေးလာတယ်။ လူပုံစံပေါ့ ခေါင်းမှာ ဆံပင်လေးတွေပါတယ်။ နွားနုတ်သီး မဟုတ်ဘဲ လူပါးစပ် လူနှာခေါင်း ဖြစ်နေတယ်။ လက်ချောင်းတွေ ခြေချောင်းတွေ နေရာမှာ နွားခွာတွေ ဖြစ်နေတယ်။ လက်မောင်းတွေကတော့ လူလိုပါပဲ။ ကြောပြင်မှာလည်း နွားတွေလို ဘို့ မပါဘဲ လူကြောပြင်လိုပဲ အရွယ်အစားကတော့ လူကြီးလက်ဝါးလောက်ပေါ့။ အတော်ဆန်းနေတယ် ရွာနီးချုပ်စပ်တွေ လာကြည့်ကြတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် သဲတောမြို့ အရှေ့တောင်ဘက် ၃မိုင် အကွာမှာ တည်ရှိတဲ့ ဆယ်ရွာကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး တောင်သူလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago
Up