ဝမ်းတွင်းမြို့နယ်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၅၀ ကျော်ပျက်စီး၊ ဘုရားထီးတော်မြေခ

April 18, 2018

ဝမ်းတွင်းမြို့နယ်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၅၀ ကျော်ပျက်စီး၊ ဘုရားထီးတော်မြေခ

  မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပဲနံသာရွာနဲ့ ကံကြီးရွာမှာ ဧပြီ ၁၇ ရက်က လေပြင်း တိုက်ခတ်သွားပြီး စေတီတော်တဆူ ထီးတော်မြေခပြီး လူနေအိမ် ၅၀ ကျော် ပျက်စီးသွားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဌေးက "ထိခိုက်ပျက်စီးတာကတော့ အိမ် ၅၀ကျော်လောက်ပေါ့။ အိမ်အမိုးသွပ်နဲ့ ဒိုင်းမြားတွေပါ ပါကုန်တဲ့အိမ် ၁၅ လုံးလောက်ရှိတယ်။ သစ်ပင်ကြီးတွေလည်း လဲကျကုန်တယ်။ လေက အတော်ပြင်းတယ်။ မြို့နယ်ကတော့ လာတယ်။ တခြားအကူအညီတော့ မရသေးပါဘူး"လို့ ပြောပါတယ်။ ရွာဦးကျောင်းဆရာတော် ဥူးဇမိန္ဒက "စေတီတော် ၂ ဆူရှိတယ်။ စေတီတော်တဆူက ထီးတော် မြေခ တာပါ။ ထီးတော် ပြန်တင်ဖို့တော့ အခက်အခဲရှိနေတာပေါ့"လို့ မိန့်ပါတယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က "တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပေးမှာပါ အပျက်အစီးများတာ ၁၅ အိမ်လောက်တော့ ရှိတယ်။ သိပ်မပျက်တဲ့ အိမ်တွေက သူတို့ဘာသာ ပြန်ပြင်နေကြတယ်။ ဆုံးရှုံးတန်ဖိုး စိစစ်တွက်ချက်နေပါတယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ဧပြီလနဲ့ မေလတွေမှာ နှစ်စဉ်လို လေပြင်းတိုက်ခတ်လေ့ ရှိပါတယ်။ ‎သတင်း-မောင်မောင် လင်း(ဝမ်းတွင်း)
3 years Ago
Up