ဝန်ထမ်း ၂ ဦး ဒဏ်ရာရ

A d v e r t i s e m e n t With Us

May 30, 2020

ပုသိမ်ဆေးရုံကြီး မျက်နှာကြက်အချို့ ပြိုကျမှုကြောင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ မေ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အဆောင် ၁၂ ရဲ့ မျက်နှာကြက် အမိုးတွေ ပြိုကျခဲ့တာကြောင့် ဆေးရုံက ဝန်ထမ်း ၂ ဦး ပွန်းပဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေ ရေစိုပျက်စီးခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ၁၉၈၀ ကျော်လောက်က ဆောက်ခဲ့တာဖြစ်နိုင်ပြီး အနှစ် ၅၀ လောက်သက်တမ်းရှိပြီဖြစ်ကာ အမိုးမှာ ကျောက်ပြားတွေ မိုးထားတာကြောင့် သွပ်နဲ့ပြန် အစားထိုးနေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သွပ်လဲဖို့ ကျန်နေတဲ့ အဆောင်က ၄ ပုံ ၁ ပုံလောက်သာ ပြိုကျခဲ့တာလို့ သိရပါတယ်။ Photo - Min Htet Mone / MPA
9 months Ago
Up