ဝန်ထမ်း ၂၂၀၀

December 18, 2020

ကိုကာကိုလာဝန်ထမ်း ၂၂၀၀ အလုပ်ပြုတ်

ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီ ကိုကာကိုလာဟာ ကမ္ဘာတဝန်း အလုပ်အကိုင် ၂,၂၀၀ လောက် လျှော့ချသွားမယ်လို့ ဒီဇင်ဘာ ၁၇ ရက်မှာ ကုမ္ပဏီက ကြေညာပါတယ်။    "ကပ်ရောဂါက ဒီအပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်ပေမဲ့ ကုမ္ပဏီအနေနဲ့ ရှေ့ကို အမြန်သွားဖို့  ကပ်ရောဂါဟာ အပြောင်းအလဲ ဖြစ်စေတဲ့အရာ ဖြစ်နေတယ်"လို့  ကိုကာကိုလာထုတ်ပြန်ချက်က ဆိုပါတယ်။  အလုပ်ထုတ်မယ့်အထဲမှာ  အမေရိကန်နိုင်ငံက အလုပ်အကိုင် ၁,၂၀၀ ပါဝင် ပါတယ်။ အမေရိကန် ၊ ကနေဒါနဲ့ ပွါတိုရီကို နိုင်ငံတွေက ဝန်ထမ်း ၄,၀၀၀ ခန့်ကို ဆန္ဒ အလျောက်အလုပ်က ရပ်နားခွင့် ကမ်းလှမ်းခဲ့တယ်လို့လည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ ကုမ္ပဏီက ပြောခဲ့ပါတယ်။  ဆန္ဒအလျောက် အလုပ်ရပ်နားခွင့်ကမ်းလှမ်းတဲ့  အရေအတွက်ကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့  ကုမ္ပဏီက ပြောပါတယ်။  အလုပ်လျှော့ချမယ့် ကာလ အသေးစိတ်ကိုလည်း ကုမ္ပဏီက မပြောခဲ့ပါဘူး။ ကိုကာကိုလာ ရုံးချုပ် အခြေစိုက်တဲ့ အတ္တလန်တာမြို့မှာ အလုပ်အကိုင် ၅၀၀ ခန့် လျှော့ချသွားမယ်လို့လည်း  ရိုက်တာက ဖော်ပြပါတယ်။   
4 months Ago
Up