ဝန်ထမ်း​များ တာဝန်ပြန်ထမ်း​ရန်

March 5, 2021

မန္တ​လေးတိုင်း Stay at Home မြို့နယ်​များက ဝန်ထမ်း​များ တာဝန်ပြန်ထမ်း​ရန် စာထုတ်

မန္တ​လေးတိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်​ရောဂါ​ကြောင့် NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ stay at home မြို့နယ်​တွေက ဝန်ထမ်း​တွေအားလုံး ရုံးပြန်တက်ကြဖို့ အာဏာသိမ်း စီမံအုပ်ချုပ်​ရေး​ကောင်စီက ​ဖေ​ဖော်ဝါရီ ၂၅ ရက်​နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်​တွေမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ ဝန်ထမ်း​တွေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အထိုက်အ​လျောက် ထိန်းချုပ်လာနိုင်​ကြောင်း စိစစ်​တွေ့ရှိရတာ​ကြောင့် ​နေပြည်​တော်မှာ တာဝန်ထမ်း​ဆောင်​နေတဲ့ ဝန်ထမ်း​တွေနဲ့ တိုင်းနဲ့ပြည်နယ်​တွေက stay at home အစီအစဥ်​မှာ အကျုံးဝင်ခြင်း မရှိတဲ့ မြို့နယ်​တွေက ရုံးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း​တွေအ​နေနဲ့ နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်မှာ​နေကာ ရုံးလုပ်ငန်း​ဆောင်ရွက်​စေတဲ့ အစီအစဥ်ကိုလည်း ပြန်လည်ရုပ်သိမ်းကာ မူလအင်အားအတိုင်း အပြည့်အဝ တာဝန်ပြန်လည်ထမ်း​ဆောင်ကြဖို့ ညွှန်ကြားစာမှာ ပါရှိပါတယ်။

အခုအချိန်မှာ ရန်ကုန်တိုင်း​နဲ့ အခြား​ဒေသ​တွေက stay at home မြို့နယ်​တွေမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်တာ​ကြောင့် အဆိုပါမြို့နယ်​တွေမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ ဝန်ထမ်း​တွေအ​နေနဲ့ နှစ်ပတ်နား နှစ်ပတ် ရုံးတက် အစီအစဥ်ကို ရုပ်သိမ်းပြီး မူလအင်အားအတိုင်း ရုံးတက်ကြဖို့ Coronavirus Disease 2019(Covid 19) ကာကွယ်၊ထိန်းချုပ် ကုသ​ရေး ဗဟို​ကော်မတီက​နေ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့ ရက်စွဲပါ စာနဲ့ သိရှိလိုက်နာကြဖို့ အ​ကြောင်းကြားခဲ့တာလို့ ပါရှိပါတယ်။

မန္တ​လေးတိုင်း ​ဒေသကြီးမှာ​တော့ ကျန်းမာ​ရေး ဝန်ထမ်း အားလုံးနီးပါး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားဟာ စစ်အာဏာရှင်​ ​တော်လှန်​ရေး CDM အစီအစဥ်မှာ ပါဝင်​​နေကြတာလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီး​နောက်ပိုင်း မန္တ​လေးမြို့က အစိုးရ ​ဆေးရုံကြီး​တွေအားလုံးနီးပါးကို ပိတ်ထားလိုက်ပြီး ကုသမှု အားလုံး ရပ်ဆိုင်းလိုက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်မှုအတွက် ကူညီ​ပေး​နေတဲ့ အရပ်ဘက် အဖွဲ့အစည်း​တွေ၊​ စေတနာ့ဝန်ထမ်း​တွေ အားလုံးဟာလည်း ဆက်လက် မကူညီကြ​တော့ပဲ ရပ်တန့်ထားကြပါတယ်။

NLD အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကူးစက်မှု​တွေကို ​​နေ့စဥ် သတင်းထုတ်ပြန်ခဲ့​ပေမယ့် အာဏာသိမ်း စစ်​ကောင်စီ လက်ထက်မှာ​တော့ တိကျတဲ့ စာရင်းဇယား​တွေကို ထုတ်ပြန်​ပေးခြင်း မရှိခဲ့ပါဘူး။
ထိန်ထိန်လင်း

2 years Ago
Up