ဝန်ထမ်း၁၂ဦးCDMတွင်ပူးပေါင်းပါဝင်

March 6, 2021

သပိတ်ကျင်း လယ်ယာမြေ စာရင်းအင်းဦးစီးဌာနက ဝန်ထမ်း ၁၂ ဦး CDM တွင် ပူးပေါင်းပါဝင်

DVB

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း) မှာ လက်ထောက်ဦးစီးမှူးအပါအဝင် ၁၂ ဦး မတ်လ ၆ ရက်နေ့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ထပ်မံပူးပေါင်းပါဝင်လာကြပါတယ်။

သပိတ်ကျင်းမြို့နယ် မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း) ရဲ့ ဒုဦးစီးမှူး ကတော့ ဖေဖော်ဝါရီလ ၈ ရက် ကတည်းက CDM မှာ ပါဝင်ခဲ့ပြီး စုစုပေါင်း ၁၃ ဦးရှိပြီဖြစ်ပါတယ်။ ဌာနမှာ ဖွဲ့စည်းပုံအရ ဝန်ထမ်း ၂၈ ဦးရှိတယ်လို့ သိရပါတယ်။

9 months Ago
Up