ဝန်ထမ်းအချို့

February 9, 2021

ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအချို့ CDM လှုပ်ရှားမှုတွင် ပါဝင်လာ

ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၁၂ ဦးက အာဏာသိမ်းအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ဒီနေ့ကစပြီး အလုပ်မဆင်းတော့ဘဲ ပြည်သူနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ္။

ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ဝန်ထမ်းစုစုပေါင်း ၂၀၀ ကျော်ရှိပြီး ၁၂ ဦးက CDM စတင်ပြုလုပ်တာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ ဦးစီးဌာန/အဖွဲ့အစည်း နဲ့ လက်အောက်ခံ ရုံးဌာနအသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းတွေအားလုံး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းချိန်ထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။

2 years Ago
Up