ဝန်ထမ်းလောက

July 9, 2020

ကိုရိုနာကပ်ဘေး ဝန်ထမ်းလောကအား အကြပ်အတည်း ဖြစ်ခဲ့ဟု ILO ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ ဝန်ထမ်းလောကကို မကြုံစဖူး အကြပ်အတည်းထဲ ဖြစ်စေခဲ့တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့အကြီးအကဲ ဂိုင်းရိုက်ဒါက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။  “ဒါဟာ ကျန်းမာရေး၊ အလုပ်နဲ့စီးပွားရေးကြားက ရွေးချယ်မှု မဟုတ်ပါဘူး။ သူတို့ အချင်းချင်း အပြန်အလှန် ပတ်သက်နေတာပါ။ ကျနော်တို့က စစ်မျက်နှာအားလုံးမှာ နိုင်မလား၊ ရှုံးမလား ၂ ခုပဲ ရှိတယ်” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတားရဲ့စ်က ILO ထိပ်သီး ညီလာခံမှာ ပြောပါတယ်။  ဒီညီလာခံမှာ နိုင်ငံ့အကြီးအကဲတွေနဲ့ အစိုးရတွေ ဒါဇင်ချီပြီး ကြိုတင်မှတ်တမ်းတင် ထားတဲ့ သတင်းစကားတွေကို မိန့်ခွန်းပြောကြမှာပါ။  ကူးစက်နှုန်းနဲ့ကူးစက်ခံ သေဆုံးနှုန်း တိုးလာနေတဲ့ ဒီအကြပ်အတည်းကို ရှေ့တန်းကနေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်း သန်းချီကို ကာကွယ်ဖို့ အထူးတာဝန်တရပ် ကမ္ဘာကြီးမှာ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲက ထိပ်သီးညီလာခံမှာ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်မှ် ကမ္ဘာ့လုပ်သားဈေးကွက်ဟာ မသေချာမှုနှုန်း မြင့်နေတာပါ။ ဒီနှစ်ထဲမှာတော့ ကပ်ဘေးမစခင်က အခြေအနေကို ပြန်ရောက်သွားနိုင်လောက်အောင် လုံလောက်တဲ့ အလုပ်အကိုင်ရှိနိုင်တဲ့အထိ နာလန်ထမယ်ဆိုပြီး ဟောကိန်း မထုတ်နိုင်ဘူးလို့ ILO က ကျန်ခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောပါတယ်။ ကမ္ဘာ့အလုပ်ချိန် ကျဆင်းမှုဟာလည်း ဒီနှစ်ရဲ့ပထမ နှစ်ဝက်က ခန့်မှန်းတာထက် သိသိ  သာသာ ပိုဆိုးနေတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။  လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးရဲ့သက်ရောက်မှုကို တုံ့ပြန်ဖို့ ပြည့်စုံ ကျယ်ပြန့်တဲ့ ချဉ်းကပ်နည်းကို ကမ္ဘာ့ခေါင်းဆောင်တွေက ဆော်သြနေပါတယ်။ 
1 year Ago
Up