ဝန်ထမ်းလစာ

A d v e r t i s e m e n t With Us

April 7, 2020

ထိုင်းနိုင်ငံတွင် ဆင်များအတွက် အစာကျွေးရန်နှင့် ဝန်ထမ်းလစာ အခက်ကြုံနေ

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီခရိုင်က တဝိချိုင် ဆင်စခန်းဟာ ဆင်တွေကို အစာကျွေးဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ ထိုင်းနိုင်ငံမှာ အရင်လကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့အတွက် ဆင်စခန်းကိုလည်း ပိတ်ခဲ့ရတာပါ။ ထိုင်းနိုင်ငံအတွင်း တိရစ္ဆာန်အခြေပြု ခရီးသွားလုပ်ငန်းဟာ ကမ္ဘာအနှံ့က သန်းနဲ့ချီတဲ့ ဧည့်သည်တွေကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့လို့ တဝိချိုင် ဆင်စခန်းဟာ ထိုင်းနိုင်ငံထဲက ဘေးမဲ့စခန်း အများအပြားထဲက တခုလည်း ဖြစ်ပါတယ်။ ဒီဆင်စခန်းမှာ ဆင် ၂၅ ကောင်ရှိပြီး ဝန်ထမ်း ၇၅ ယောက်ကို ခန့်ထားပါတယ်။ ဒါကြောင့် တလကို ဆင်စာနဲ့ ဝန်ထမ်းလစာ ထိုင်းဘတ်ငွေ တသန်း ကုန်ကျပါတယ်။ ဆင်တွေကို တောပြင်ပမှာ မွေးမြူလာတာဖြစ်လို့ တောနဲ့ မယဉ်ပါးဘဲ သူတို့ကို စောင့်ရှောက်ဖို့ ဆင်ထိန်းတွေ လိုအပ်တာပါ။ ဒါကြောင့် ဆင်တွေကိုရော ဝန်ထမ်းတွေကိုပါ ဘယ်မှ ပေးမသွားနိုင်ဘူးလို့ ဆင်စခန်း ပိုင်ရှင်ရဲ့ မန်နေဂျာက ပြောပါတယ်။  ပုံမှန်အခြေအနေမှာ ဒီစခန်းကို နေ့တိုင်း နိုင်ငံခြားသား တရာကျော် လာပြီး တယောက်ကို အမေရိကန်ဒေါ်လာ ၃၀ ကနေ ၁၅၀ ထိ သုံးလေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ချိန်ကနေ ဧပြီလ ၆ ရက်ထိ အတည်ပြုချက် အစီရင်ခံစာတွေအရ ကူးစက်ခံ ၂၂၂၀ ယောက် ရှိပြီး ကူးစက်ခံ ၂၆ ယောက် သေဆုံးခဲ့ပါတယ်။
11 months Ago
Up