ဝန်ထမ်းချေးငွေ ၂ လစာ

May 25, 2021

အန်အယ်လ်ဒီအစိုးရလက်ထက် ဝန်ထမ်းချေးငွေများကို စစ်အုပ်စုက ခြိမ်းခြောက်ပြန်တောင်းနေ

အန်အယ်လ်ဒီအစိုးရ လက်ထက်က ဝန်ထမ်းတွေအတွက် ထုတ်ချေးထားတဲ့ နှစ်လစာချေးငွေကို အကြမ်းဖက်စစ်အုပ်စုက ခြိမ်းခြောက်ပြန်တောင်းနေတယ်လို့ ပညာရေးဝန်ထမ်းတချို့က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ပညာရေးဝန်ထမ်း တချို့ဆီကနေ အဲဒီချေးငွေကို ခြိမ်းခြောက်ပြီး ပြန်တောင်းနေတယ်လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက DVB ကို ပြောပါတယ်။

ဒါ့အပြင် သိန္နီမြို့နယ်ပညာရေးမှူးဟာ CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေကို အလုပ်ရပ်ဆိုင်းစာ ထုတ်မပေးတဲ့အပြင် CDM ဝန်ထမ်းတချို့ရဲ့ မတ်လတုန်းက လစာတွေကိုလည်း ထုတ်မပေးဘဲ လူကိုယ်တိုင် ရုံးကို လာထုတ်ဖို့ ဖိအားပေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးကာလ အခက်အခဲတွေကြောင့်  အန်အယ်လ်ဒီ အစိုးရလက်ထက်တုန်းက ဝန်ထမ်းတွေကို နှစ်လစာ ချေးငွေထုတ်ချေးပေးခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း အဲဒီချေးငွေတွေကို ပြန်ဆပ်စရာမလိုဘူးလို့ ထုတ်ပြန်ထားပါတယ်။

2 years Ago

March 8, 2021

ဝန်ထမ်းချေးငွေ ၂ လစာကို ပြန်ဆပ်ရန်မလိုသည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်

နိုင်ငံ့ဝန်ထမ်းတွေကိုအတိုးမဲ့ ချေးငွေအနေနဲ့ အရပ်သားအစိုးရက ကြိုတင်ထုတ်ချေးထား ခဲ့တဲ့ ချေးငွေ ၂ လစာကို ပြန်ဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန်ထားပါတယ်။

မတ် ၈ ရက် ရက်စွဲနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးက အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ ထုတ်ပြန်တဲ့ အဆိုပါထုတ်ပြန်ချက်ထဲ မှာတော့ လတ်တလော အချိန်ကာလမှာ ကိုဗစ်-၁၉ ကပ်ဘေးရောဂါ ဆက်လက်ဖြစ်ပွား နေတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်း ပိုက်ရယူထားတဲ့ ကာလဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး အဆိုပါချေးငွေကို ပြန်လည်ပေးဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်လိုက် ကြောင်း ဖော်ပြထားတာပါ။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းဝန်ထမ်း)တွေအတွက် လစာရဲ့ ၂ လစာငွေကို အတိုးမဲ့ ကြိုတင်ထုတ်ချေးပေးတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့က ထုတ် ချေးပေးခဲ့တာ ဖြစ်ပါတယ်။ ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလကိုတော့ ၆ လ သတ်မှတ်ထားခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လအလိုက် ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး တနှစ်ပြည့်တဲ့အထိ လ စာထဲကနေ ပြန် လည်ဖြတ်တောက်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီချေးငွေအစီအစဉ်မှာ တပ်မတော်သားတွေလည်း အပါအဝင်ဖြစ်ပြီး တပ်မတော် ဘက်က စာရင်းပေးပို့ထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနပေါင်း ၂၅ ခု ရှိနေပြီး အဆိုပါဝန်ကြီးဌာနတွေမှာ အ လုပ်လုပ်ကိုင်နေကြတဲ့ အစိုးရဝန်ထမ်းဦးရေ ၁ သန်းကျော်လောက် ရှိနေတာ ဖြစ်ပါ တယ်။

2 years Ago
Up