ဝန်ကြီး ၂ ဦး

February 3, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ၂ ဦး ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းမလာနိုင်

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်အမှုကို ဖေဖော်ဝါရီ  ၃ ရက် ဒီကနေ့ နေပြည်တော်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ  အမှုတွဲမှာပါ၀င်နေတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေမကောင်းလို့ တရားရုံးချိန်ကို မလာရောက်နိုင်ခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

အူမကြီးကင်ဆာရောဂါခံစားနေရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ အူကျရောဂါ  ခံစားနေရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်၀င်းတို့လည်း ဆေးရုံမှာ တက်ရောက်ကုသနေဆဲဖြစ်လို့ မလာနိုင်ကြဘူးလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ရုံးချိန်းကို မစစ်ဆေးဖြစ်ဘဲ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

10 months Ago

January 8, 2021

အမေရိကန်လွှတ်တော်စီးနင်းခံရမှု ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီး ၂ ဦး ရာထူးက နုတ်ထွက်

အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံ စီးနင်းခံရပြီးနောက် ဇန်နဝါရီ ၇ ရက်က  ပို့ဆောင်ရေးဝန်ကြီး အီလိန်းချောင်နဲ့ ပညာရေးဝန်ကြီး ဘက်စ်တီဒီဗို့စ်တို့ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ထရမ့်ထောက်ခံသူတွေက ကွန်ဂရက်လွှတ်တော်ကို  ဝင်ရောက်  စီးနင်းတာကြောင့် ရာထူးကနေ နုတ်ထွက်တယ်လို့ ဝန်ကြီး အီလိန်းချောင်က ပြောပါတယ်။  ချောင်ဟာ အမေရိကန်အထက်လွှတ်တော် လူများစု ခေါင်းဆောင် မစ်ချ်မက်ကွန်နယ်ရဲ့ ဇနီးဖြစ်ပြီး  ကွန်ဂရက် တိုက်ခိုက်ခံရပြီး ရာထူးက ပထမဆုံး နုတ်ထွက်တဲ့ အစိုးရအဖွဲ့ဝန်ကြီး ဖြစ်ပါတယ်။  အလားတူ ပညာရေးဝန်ကြီး ဘတ်စ်တီဒီဗို့စ်ကလည်း  ကွန်ဂရက်စီးနင်းခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ရာထူးက နုတ်ထွက်သွားပါတယ်။  သမ္မတ ထရမ့်ဆီ ပေးပို့တဲ့ စာမှာ ဒီဗို့စ်က  "ကွန်ဂရက်ကို တိုက်ခိုက်တာက သိပ်ကို တရားလွန်တယ်"လို့ ရေးသားခဲ့ပါတယ်။  အမေရိကန်ကွန်ဂရက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း အိမ်ဖြူတော် လက်ထောက်အတော် များများအပါအဝင် အောက်ခြေအုပ်ချုပ်ရေးအရာရှိ အများပြား ရာထူးက နုတ်ထွက်တယ်ဆိုပြီး ကြေညာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 years Ago
Up