ဝန်ကြီးသစ်

August 2, 2019

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ဆောင်ရွက်မည်ဟု ကချင်ပြည်နယ်ဝန်ကြီးသစ် ကတိပေး

ကချင်ပြည်နယ်အတွင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။ သြဂုတ် ၁ ရက် မနက်က ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးအပြီးမှာ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ်ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့ တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားခဲ့တာပါ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလအတွက် မဲစာရင်းတွေ မှန်ကန်မှုရှိဖို့ကိုလည်း စနစ်တကျ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဦးဇော်ဝင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ခ) အရ ကချင်ပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးဦးဇော်ဝင်းဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေစဉ် ကာလအတွင်း ကချင်ပြည်နယ်လွှတ်တော်ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှစ်နှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သတင်း-လင်းဆက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစားေပး ေဆာင္႐ြက္မည္ဟု ကခ်င္ျပည္နယ္ဝန္ႀကီးသစ္ ကတိေပး DVB ကခ်င္ျပည္နယ္အတြင္း လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္လာေစေရးကို ဦးစားေပး လုပ္ေဆာင္သြားမယ္လို႔ ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။ ၾသဂုတ္ ၁ ရက္ မနက္က က်င္းပတဲ့ ကခ်င္ျပည္နယ္လႊတ္ေတာ္ အေရးေပၚ အစည္းအေဝးအၿပီးမွာ ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနအသစ္ရဲ႕ ဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ တႏိုင္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ဝင္းက ေျပာၾကားခဲ့တာပါ။ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလအတြက္ မဲစာရင္းေတြ မွန္ကန္မႈရွိဖို႔ကိုလည္း စနစ္တက် လုပ္ေဆာင္သြားမယ္လို႔လည္း ဝန္ႀကီးက ေျပာပါတယ္။ ဦးေဇာ္ဝင္းကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးအျဖစ္ ခန႔္အပ္ဖို႔ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၂၊ ပုဒ္မခြဲ (ခ) အရ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္အေရးေပၚအစည္းအေဝးမွာ အမည္စာရင္း တင္သြင္းခဲ့တာျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္က ကန႔္ကြက္သူမရွိ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဝန္ႀကီးဦးေဇာ္ဝင္းဟာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္ေနစဥ္ ကာလအတြင္း ကခ်င္ျပည္နယ္လႊတ္ေတာ္ရဲ႕ စီမံကိန္း၊ ဘ႑ာေရးႏွစ္ႏွင့္ ျပည္သူ႔ေငြစာရင္းဆိုင္ရာ ေကာ္မတီ ဥကၠ႒အျဖစ္လည္း တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။ သတင္း-လင္းဆက္
2 years Ago
Up