ဝန်ကြီးချုပ်ကတော်

February 19, 2020

လီဆိုသို ဝန်ကြီးချုပ်ကတော် လူသတ်မှုဖြင့် တရားရင်ဆိုင်နေရ

လီဆိုသိုဝန်ကြီးချုပ်ကတော် မေဆေယာတဘာနာဟာ လူသတ်မှုနဲ့ မတ်လ ၁၇ ရက်မှာ တရားရင်ဆိုင်ရမယ်လို့ တရားသူကြီးက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ကတော် မေဆေယာဟာ ဝန်ကြီးချုပ်ရဲ့ အရင်ဇနီး လစ်ပိုလယ်လိုကို သတ်ဖြတ်ဖို့ စေခိုင်းမှုနဲ့ ဒီလမှာပဲ ထိန်းသိမ်းခံရပါတယ်။ လစ်ပိုလယ်လို တဘာနာဟာ ၂၀၁၇ ဇွန်လတုန်းက မြို့တော် မက်ဆာရူရှိ သူရဲ့ နေအိမ်အနီးမှာ ပစ်သတ်ခံရပါတယ်။ မေဆေယာဟာ အခင်းဖြစ်ရာနေရာမှာ မရှိခဲ့ပေမယ့် လူသတ်သမား ၈ ယောက်ကို ငှားပြီး လစ်ပိုလယ်လိုကို သတ်ဖို့ စေခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က  ဆိုပါတယ်။   ဝန်ကြီးချုပ်ကတော် မေဆေယာကတော့  လူသတ်မှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားပြီး တရားရုံးကို ခေတ္တလာရောက်ပြီးနောက် သူ့ကို ထောက်ခံသူတွေရှိရာ နိုင်ငံတော်ဂေဟာဆီ ပြန်ပို့ခဲ့ပါတယ်။ မေဆေယာကို ထောက်ခံသူတွေက ဒေသဆိုတိုဘာသာစကားနဲ့  “မုန်းသူမှာ မနာလိုစိတ်ရှိတယ်” လို့ သီဆိုကြပါတယ်။ ဝန်ကြီးချုပ်ကတော်ဟာ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ လှည့်ကွက်မှာ သားကောင် ဖြစ်သွားတယ်လို့   သူတို့ ယုံကြည်တယ်လို့လည်း ပြောကြပါတယ်။ သောမတ်စ်တဘာနာ ဝန်ကြီးချုပ် ရာထူးလက်ခံဖို့ နှစ်ရက်အလိုမှာ လစ်ပိုလယ်လို အသတ်ခံရတာပါ။  နောက်ပြီး အသတ်ခံရချိန်မှာ သောမတ်စ်နဲ့ လစ်ပိုလယ်လိုတို့ ကွာရှင်းဖို့ လုပ်ဆောင်နေကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up