ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်

January 12, 2019

ထိုင်ဝမ်အစိုးရက ပါတီဥက္ကဋ္ဌဟောင်း စူးကျင်းချန်းကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်

ထိုင်ဝမ်အစိုးရဟာ လက်ရှိအာဏာရ လွတ်လပ်ရေး လိုလားတဲ့ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီရဲ့ ဥက္ကဋ္ဌဟောင်း စူးကျင်းချန်းကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒေသန္တရ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရအဖွဲ့ တခုလုံးနဲ့ ဝန်ကြီးချုပ်ပါ နုတ်ထွက်အပြီး သမ္မတက လူသစ်တွေကို ပြန်ခန့်အပ်လိုက်တာပါ။ တိုင်ဝမ်ရဲ့ အဓိက ကျောထောက်နောက်ခံ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး တင်းမာနေပြီး တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေလို့ ထိုင်ဝမ်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သမ္မတချိုင်က ပြောပါတယ်။ ထိုင်ဝမ် အစိုးရဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းမှာ ဝေဖန်ခံရတာ ပိုများလာနေသလို တရုတ်ရဲ့ ခြိမ်းခြောက်မှု အသစ်တွေကိုလည်း ရင်ဆိုင်နေရချိန်မှာ နိုဝင်ဘာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာပါ။ ဒါကြောင့် သမ္မတ ချိုင်အင်းဝမ်အတွက် အကြီးစားစိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်က ကိုယ်ပိုင် အုပ်ချုပ်ရေး ကြေညာထားပေမယ့် တရုတ်ပြည်မကြီး အစိုးရကတော့ ထိုင်ဝမ်ကို သူ့ရဲ့ သင်းကွဲ ပြည်နယ်အဖြစ် သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်ချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြတဲ့အတိုင်း ဝန်ကြီးချုပ်ဝီလျံလိုင် ရာထူးက နုတ်ထွက်ခဲ့တာပါ။ အဲဒီနောက် စူးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up