ဝန်ကြီးချုပ်

May 19, 2019

သြစတြေးလျဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ

သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မော့ရစ်ဆန်ဟာ ရွေးကောက်ပွဲ အနိုင်ရပြီဖြစ်ကြောင်း မေလ ၁၈ ရက်က အခိုင်အမာ ပြောလိုက်ပါတယ်။ အစောပိုင်းက လစ်ဘရယ်ဝါဒီတွေ ဦးဆောင်တဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေကို ရှုံးမယ်လို့ ဟောကိန်းထုတ်ထားပေမယ့် မထင်မှတ်ဘဲ အနိုင်ရခဲ့တာပါ။ စနေနေ့က ရေတွက်ပြီးစီးတဲ့ မဲတွေရဲ့ တဝက်ကျော်ကို ရထားလို့ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရဟာ အာဏာဆက်ရှိ နေမှာပါ။ ဒါပေမယ့် မောရစ်ဆန် ဦးဆောင်တဲ့ ညွန့်ပေါင်းဟာ မဲအများစုကိုရပြီး ခိုင်ခိုင်မာမာ အုပ်ချုပ်နိုင်မလား တသီးပုဂ္ဂလတွေရဲ့ ထောက်ခံမှုကိုရဖို့ ညှိနှိုင်းဖို့ လိုဦးမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်ဆုံး မဲရလာဒ်တွေလဲ မထွက်သေးပါဘူး။ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဘီလ်ရှော့တန်ကတော့ အရှုံးကိုဝန်ခံပြီး စနေညက ပါတီခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်သွားပါတယ်။
2 years Ago

March 30, 2019

ဗြိတိန် ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံခေါင်းဆောင် တောင်းဆို

ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဘရက်ဇစ်သဘောတူညီချက်ကို  ပါလီမန်မှာ တတိယအကြိမ် ပယ်ချပြီးနောက် မတ်လ ၂၉ ရက်က အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရယ်မီကိုဘင်က ဝန်ကြီးချုပ်မေကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ “ဒီသဘောတူညီချက်ဟာ ပြောင်းကိုပြောင်းလဲရမယ်ဆိုတာ ပါလီမန်က ရှင်းရှင်း လင်းပြောလိုက်တာဖြစ်တယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒါကို လက်မခံနိုင်ရင် နုတ်ထွက်ရမှာပဲ ဖြစ်တယ်။ မရေရာတဲ့ အနာဂတ် ရက်မှာ မဟုတ်ဘဲ အခုပဲ အထွေထွေရွေးကောက်ပွဲကနေ တဆင့် ဗြိတိန် အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်” လို့ ဂျရယ်မီကိုဘင်က ပြောခဲ့ပါတယ်။ မတ်လ ၂၉ ရက်က ဝန်ကြီးချုပ်မေရဲ့ ဘရက်ဇစ်သဘောတူညီချက်ဟာ ၃၄၄ မဲ - ၂၈၆ မဲနဲ့ ပါလီမန်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ ဘရက်ဇစ်ဖြစ်ပေါ်စေမယ့် နောက်ဆုံး အခွင့်အရေး ဖြစ်ပြီး တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ဧပြီ ၁၂ ရက်ကို ကျော်လွန်မယ့် ကာလရှည် ကြန့်ကြာမှု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ်မေက သတိပေးထားပါတယ်။
2 years Ago
More News
Up