ဝန်ထမ်း ၄ ဦး

July 10, 2018

ဝန်​ထမ်း ၄ ဦးကို ပါးရိုက်​ခဲ့သည့် လုံခြုံရေးအရာရှိအား ရေနံ​မြေအလုပ်​သမားများ ရှုတ်ချ

မ​ကွေးတိုင်း​ဒေသကြီး ​မန်း​ရေနံ​မြေမှာ ဝန်​ထမ်း ၄ ဦးကို ​ရေနံ​မြေ လုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်​ခဲ့တဲ့အ​ပေါ် ရေနံ​မြေအလုပ်​သမားသမဂ္ဂအဖွဲ့တွေက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ဒီနေ့ သ​ဘောထား ထုတ်​ပြန်​လိုက်ပါတယ်။ ဇွန်​လ ၃၀ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်းဒီနေ့ ထုတ်​ပြန်​လိုက်​တာပါ။ ရွှေရည်​​မြေလတ်​ ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦး​လေးနိုင်​က “မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူထားပါတယ်။ အခု သဘောထားထုတ်ပြန်ချက်ကလည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေနံသမဂ္ဂတွေအားလုံး ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ ပြောပါတယ်။ ပါးရိုက်ခံရတာကို မကျေနပ်တဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ ကာယကံရှင်​ အလုပ်သမား နှစ်ဦးက မန်းရေနံ ရွှေမန်းသာယာ အခြေခံသမဂ္ဂအဖွဲ့အစည်းကို တိုင်ကြားလာတာကြောင့် အလုပ်သမားအဖွဲ့တွေက ခုလို သဘောထားထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ကိုလင်း(​ချောက်​)
5 years Ago
Up