ဝတ်ပြုဆုတောင်

May 24, 2020

ကိုရိုနာကြောင့် မက္ကာရှိ အစ္စလာမ်ဘာသာဝင်များ ဝါထွက်ပွဲ ဝတ်ပြုဆုတောင်းသူနည်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆော်ဒီအာရေဗျနိုင်ငံက မြို့တော်မက္ကာမှာရှိတဲ့ ဂရန်းဗလီမှာ နှစ်စဉ် ကျင်းပနေကြ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါထွက်ပွဲတော်မှာ ဝတ်ပြုဆုတောင်းသူ မရှိသလောက် ဖြစ်နေတာကို မေလ ၂၄ရက်က တွေ့ရပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ကပ်ဘေးကြောင့် လူထုစုဝေးမှု မလုပ်ဖို့ အာဏာပိုင်တွေက ကန့်သတ်ထားပါတယ်။ ရာမာဒန်ဥပုသ်လ အဆုံးသတ်ချိန်မှာ ကျင်းပတဲ့ အိဒ်ပွဲတော် အထိမ်းအမှတ်အနေနဲ့ ဝတ်ပြုသူ နည်းနည်းသာ ဝတ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။  ပွဲတော်အတွင်း ဗလီတွေကို ဆက်ပြီး ပိတ်ထားမှာဖြစ်လို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲကို အိမ်မှာပဲလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆော်ဒီအရာရှိတွေက မေ ၂၂ ရက်မှာ ပြောပါတယ်။ 
1 year Ago

April 26, 2020

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ဝတ်ပြုဆုတောင်းပွဲ လူရာချီတက်ရောက်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် လူစုလူဝေး လုပ်တာတွေကို တားမြစ်ထားပေမယ့် အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့မှာတော့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတခုကို လူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။  ဂူဇာဂါရ် ဗလီရဲ့ ရှေ့ဆောင် အီမန်ဆရာဖြစ်သူ ဘာသာရေးဆရာ အန်စာရီက အမေရိကန်နဲ့ အီတလီမှာ ၂၄ နာရီအတွင်း လူပေါင်း ထောင်ချီ၊ ရာချီသေဆုံးခဲ့ပေမဲ့ အာဖဂန်မှာတော့ ပထမဆုံးနေ့ ကနေ အခုထိ သေဆုံးသူ ၄၀ ပဲ ရှိသေးတယ်လို့လည်း ပြောပါတယ်။  ဒါပေမဲ့ အာဖဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းအရ စနေနေ့ ဧပြီ ၂၅ အထိ ၄၇ ဦးရှိနေပါပြီ။  အာဖဂန်မှာ အစိုးရက လူတွေကို ဗိုင်းရပ်စ်ကူးစက်ခံရမှုက ကာကွယ်နိုင်အောင် လူချင်း ခွဲနေဖို့ ဆွဲဆောင်ပေမယ့် လူထုကြား လိုက်နာမှု အားနည်းနေဆဲပါ။  အာဖဂန်မှာ COVID-19 အတည်ပြုလူနာဦးရေ ၁၄၀၀ ကျော်ရှိထားပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုများနိုင်မယ်လို့  ပြောဆိုထားပါတယ်။  အာဖဂန်ရဲ့ အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း ဗိုင်းရပ်စ်ပြန့်ပွားမှုများ လာရင် ရုန်းကန်ရဖွယ်ရှိတယ်လို့ ရိုက်တာသတင်းက ဧပြီ ၂၆ မှာ ရေးသားပါတယ်။
1 year Ago
Up