ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ အထည်ချုပ် စက်ရုံတွေမှာ ဧပြီ ၂၁ ရက်က ပြည်ပပို့ကုန် အထည်တွေအစား ပြည်တွင်းက ဆရာဝန်၊ သူနာပြုတွေအတွက် ကာကွယ်ရေးဝတ်စုံ (PPE) တွေ ချုပ်လုပ်နေပါတယ်။
နိုင်ငံအတွင်း PPE ဝတ်စုံတွေ ပြတ်လပ်နေချိန်မှာ Celebrity Garment Exports စက်ရုံဟာလည်း PPEတွေ ချုပ်တဲ့ စက်ရုံတွေထဲက တခု ဖြစ်ပါတယ်။
အရင်က အထည်ချုပ်စက်ရုံကို ပိတ်ထားပေမယ့် အခုအခါမှာတော့ စက်ချုပ်သမတွေဟာ အစိုးရအမှာစာ (PPE) ဝတ်စုံတွေ ချုပ်နေတယ်လို့ စက်ရုံ MD က ရှင်းပြခဲ့ပါတယ်။
စက်ရုံ MD မိုဟာမက်-ရှော်လစ်အာမက်က တကယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ လော့ဒေါင်း ပြီးသွားတဲ့အခါ တခြားနိုင်ငံ ဝယ်လိုအားရှိရင် တင်ပို့ဖို့ စဉ်းစားနေတယ်ဆိုပြီး ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးရဲ့ လော့ဒေါင်းဟာ ဧပြီ ၂၅ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
အခုဆိုရင် PPE ဝတ်စုံတွေကို ဒါကာမြို့ နေရာ အတော်များများမှာမြင်တွေ့နေရပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေသူတွေဟာလည်း PPE ဝတ်စုံတွေ ဝတ်ထားကြပါတယ်။
ဧပြီ ၂၁ ရက်အထိ ဘင်္ဂလားဒေ့်ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃၈၂ ယောက်၊ သေဆုံးသူ
၁၁၀အထိ ရှိလာတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
10 months Ago