ဝတ်ဖို့ဒ်ကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး လီဗာပူး အမှတ်ပေးဇယားကို ဦးဆောင်

A d v e r t i s e m e n t With Us

November 7, 2016

ဝတ်ဖို့ဒ်ကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး လီဗာပူး အမှတ်ပေးဇယားကို ဦးဆောင် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ဝတ်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ဒီရာသီ အမှတ်ပေးဇယားကို ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ပုံစံကောင်းပြသပြီး နိုင်ပွဲတွေဆက်နေတဲ့ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီပွဲစဉ်မှာလည်း အမှားအယွင်းမရှိ ခြေစွမ်းပြ ကစားပြီး ဂိုးပြတ်အနိုင်ရခဲ့တာပါ။ လီဗာပူးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆ဝ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၇ မိနစ်နဲ့ ၆၀ မှာ မာနီ၊ မိနစ် ၃၀ မှာ ကော်တင်ဟို၊ ၄၃ မိနစ်မှာ အမ်မရီကန်၊ ၅၇ မိနစ်မှာ ဖာမီနိုနဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ဝစ်ခ်ျနယ်လ်ဒန်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဝတ်ဖို့ဒ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၇၅ မိနစ်မှာ ဂျန်မတ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ လီဗာပူးက ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား ပထမနေရာ၊ ဝတ်ဖို့ဒ်ကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ မှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up