ဝစ္စကိုဆင်ပြည်နယ်

October 18, 2020

အမေရိကန်သမ္မတ ထရမ့် ဝစ္စကိုဆင်ပြည်နယ်တွင် မဲဆွယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ထပ်မံရွေးကောက် တင်မြှောက်ခံရ ရေးအတွက် ဝစ္စကိုဆင်ပြည်နယ်မှာ အောက်တိုဘာ ၁၇ ရက်က မဲဆွယ်ခဲ့ပါတယ်။ တကယ်လို့ ဝစ္စကိုဆင်မှာ မဲနိုင်ခဲ့ရင် ရွေးကောက်ပွဲတခုလုံး နိုင်လိုက်တာပဲလို့လည်း ထရမ့်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။ နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းတွေမှာတော့ ထရမ့်ဟာ သူ့ရဲ့ ပြိုင်ဘက် ဒီမိုကရက်ပါတီဝင် ဂျိုးဘစ်ဒင်နဲ့ နောက်မှာ ကပ်လျက် ရှိနေပါတယ်။  ဝစ္စကိုဆင်နဲ့ မီချီဂံပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေပေမဲ့ သမ္မတကတော့ ပြည်နယ် ၂ ခုစလုံးမှာ ချီတက်ပွဲတွေ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။  ပွဲတက်လာတဲ့ ထောက်ခံသူတွေကလည်း လူချင်းခွာ နေရမယ့်စည်းမျဥ်းကို မလိုက်နာသလို တချို့ကလည်း ပါးစပ်နှာခေါင်းစည်းတွေကို မဝတ်ထားကြပါဘူး။  ထရမ့်ရဲ့ အကြံပေးတွေကတော့ မီချီဂံ၊ ဝစ္စကိုဆင်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေ ဟာ ထရမ့် ပြန်ရွေးကောက်ခံရနိုင်တဲ့ အဓိကပြည်နယ်တွေအဖြစ် ကာလကြာရှည် ရှုမြင်ထား ပါတယ်။ သမ္မတ ထရမ့်ဟာ အရီဇိုးနားပြည်နယ်မှာလည်း အောက်တိုဘာ ၁၉ ရက်နေ့ မဲဆွယ်ဖို့ စီစဉ်ထားပါတယ်။ ထရမ့်နဲ့ ဘိုင်ဒင်တို့ဟာ သူတို့ရဲ့ ဒုတိယနဲ့ နောက်ဆုံး စကားရည်လုပွဲအတွင်း အောက်တိုဘာ ၂၂ ရက်မှာ ရင်ဆိုင်စကားစစ်ထိုးဖို့ စီစဉ်ထားပါတယ်။  သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ် ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာ လူဝီစီယားနားပြည်နယ်မှာ ကျင်းပတဲ့ ကြိုတင်မဲ ပေးပွဲကို အောက်တိုဘာ ၁၆ ရက်က လူတန်း ရှည်ကြီးတွေ စောင့်ဆိုင်း မဲပေးခဲ့ကြပါတယ်။
1 year Ago
Up