ဝင်​ရောက်တိုက်ခိုက်

September 21, 2021

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်ကို ​ဒေသခံ PDF က ဝင်​ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နွယ်အင်း​ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ကို ​ဒေသခံ PDF အဖွဲ့က စက်တင်ဘာ ၂၁ ရက် မနက်ပိုင်း ဝင်​ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တာဘာ ၂၀ ရက်​နေ့က နွယ်အင်း​ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ အင်အား ၄၀ လောက်ကို စက်တင်ဘာ ၂၁ ရက်မနက် ၈ နာရီဝန်းကျင်​လောက်မှာ  ဒေသခံ PDF အဖွဲ့က စတင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဟာ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်​နေချိန်အတွင်း မိုးရွာသွန်းမှု ရှိခဲ့တာ​ကြောင့် ​ဒေသခံ PDF အဖွဲ့က ​နောက်ပြန်ဆုတ်ခွာသွားတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

ပစ်ခတ်မှုအပြီး နွယ်အင်း​ကျေးရွာနဲ့ ချင်ပြစ်ကျင်း​ကျေးရွာကြားမှာရှိတဲ့ ​တော​နေအိမ် ၁ လုံးကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို တိုက်ပွဲအတွင်းမှာ ​ဒေသခံ PDF အဖွဲ့ဘက်က ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်​ကောင်စီဘက်က ကျဆုံးမှုအ​ခြေအ​နေကို​တော့ မသိ​ရ​သေးဘူးလို့ ​ပြောပါတယ်။

1 month Ago
Up