ဝင်းမြတ်အေး

February 25, 2021

လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ

အာဏာအသိမ်းခံခဲ့ရတဲ့  အရပ်သားအစိုးရရဲ့  လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားပြီး ဖမ်းဆီး နိုင်ရေးအတွက် သတင်းပေးဖို့   MRTV က  ကြေညာသွားပါတယ်။ 

ဝန်ထမ်းတွေအလုပ်မဆင်းဘဲ အာဏာဖီဆန် CDM လှုပ်ရှားမှုလုပ်ဖို့ လှုံ့ဆော်ညွှန်ကြားတယ်ဆိုပြီး MRTV က မနေ့ညက ကြေညာသွားတာဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီက လတ်တလောမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ရာထူးက ရပ်စဲတာ၊ ရုံးပြန်တက်ဖို့ ဖိအားပေး၊ ခြိမ်းခြောက်တာနဲ့ ဖမ်းဆီး တာတွေ ရှိနေပြီး စာရင်းကောက်နေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ CDM လုပ်ဆောင်နေ သူ နိုင်ငံဝန်ထမ်းတွေ သောင်းနဲ့ချီ ရှိနေပါတယ်။

9 months Ago
Up