ဝင်ရောက်မီးရှို့\

September 9, 2021

ဂန့်ဂေါမြို့နယ် သာလင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာကို စက်တင်ဘာလ ၉ ရက် ဒီ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သာလင်းကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးရင်းနဲ့ ရောက်လာပြီးတော့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ရွာခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဘုန်းကြီးကျောင်းထဲမှာ သေနတ်တွေပစ်ဖောက်ပြီးတော့ ရွာသားတွေကို သူတို့နဲ့လာတွေ့ဖို့ ခေါ်ယူနေပေမယ့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေမှာ မကြာခဏဝင်ရောက် မွှေနှောက်ပြီးတော့ နေအိမ်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ငွေကြေးတွေယူဆောင်တဲ့အပြင် သေနတ်တွေနဲ့ရမ်းသန်းပစ်ခတ်ပြီး ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်တာကြောင့် သေဆုံး ဒဏ်ရာရ သူတွေလည်း ရှိခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။

2 years Ago
Up