ဝင်ရောက်ပစ်ခတ်

September 22, 2021

မြဝတီနယ်မြေခံတပ်ကို လက်နက်ကိုင်တစုက ဝင်ရောက်ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၂၁ ရက် မနေ့ည ၈ နာရီလောက်က  စစ်ကောင်စီရဲ့ စစ်တပ်ကို လက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ်အငယ်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မြဝတီမြို့အထွက် အာရှလမ်းဘေးမှာ တည်ရှိတဲ့ ခလရ (၂၇၅) တပ်ကို လာရောက်တိုက်ခိုက်ရာ မိနစ်အနည်းငယ်ကြာ  နှစ်ဘက် တိုက်ပွဲ​ဖြစ်ပွားဖြစ်ပြီး ထိခိုက် သေဆုံးမှုတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ 

ပစ်ခတ်မှုဖြစ်ပွားရာ အနီးနေထိုင်သူ တစ်ဦးက “ပစ်ခတ်မှုကတော့ သိပ်မကြာဘူး။ ဘယ်အဖွဲ့အစည်း ဆိုတာတော့ မသိရဘူး။ သေနတ်သံတွေကတော့ ကြားနေရတာပဲ။ ညဘက်ဆိုတော့ ဘယ်သူမှ မထွက်ရဲဘူး"လို့ ဆိုပါတယ်။ 

နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က   လက်နက်ကြီး ပစ်ခတ်သံ ၁ ချက်အပြင် မဲကနယ်ကျေးရွာ စိမ်းလဲ့မြိုင်ကားဝင်းအနီး တပ်စခန်းကနေ အကူပစ်ခတ်တာတွေ ရှိတယ်လို့   ဒေသခံတစ်ဦးက ဆိုပါတယ်။  နှစ်ဘက် ပစ်ခတ်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ရှိ၊ မရှိမသိရသေးပါဘူး။ 

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့တွင်း ဝင်ထွက် သွားလာသူတွေကို စစ်ဆေးနေသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

မြဝတီမြို့မှာ ကိုဗစ်ကာလ Stay at Home သတ်မှတ်ထားပြီး အပြင်ထွက် သွားလာခွင့်ကို မနက် ၆ နာရီမှ ၁၂ နာရီအထိ ကန့်သတ်ထားပေမယ့် သတ်မှတ်ချိန်ကျော်လွန် သွားလာတာတွေရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

4 months Ago

November 18, 2019

ကယ်လီဖိုးနီးယား ပါတီတခုကို သေနတ်သမား ဝင်ရောက်ပစ်ခတ်၊ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖရန်စ်နိုမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဘောလုံးအားကစားပွဲနဲ့ ပတ်သက်တဲ့ ပါတီတခုမှာ လူဆယ်ယောက်မနည်း သေနတ်ပစ်ခံရပြီး လေးယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  အမျိုးသားသုံးယောက်က အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံ ရောက်မှ သေဆုံးခဲ့တယ်လို့ ဖရန်စ်နိုဒုရဲမှူးချုပ် မိုက်ကယ်ရီဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ဒဏ်ရာရသူ ခြောက်ယောက်ထဲမှာ ငါးယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။ ဒေသစံတော်ချိန် ည ၈နာရီလောက်မှာ ဖရန်စနိုမြို့တောင်ပိုင်းက နေအိမ်တအိမ်ရဲ့ နောက်ဖေးခြံထဲမှာ မိသားစုတွေ၊ မိတ်ဆွေတွေ စုဝေးပြီး ဘောလုံးပွဲ ကြည့်နေကြတာပါ။  အဲဒီအချိန်မှာပဲ သေနတ်သမားတယောက်က ခြံထဲဝင်လာပြီး ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  လက်ရှိမှာတော့ သေနတ်သမားက ထွက်ပြေးလွတ်မြောက်နေဆဲပါ။ ရဲတပ်ဖွဲ့က အိမ်နီးချင်း မျက်မြင်သက်သေတွေနဲ့  လုံခြုံရေးကင်မရာရဲ့ ဗွီဒီယိုဖိုင်က အချက်အလက်တွေ လိုက်စုပြီး စုံစမ်း စစ်ဆေးနေကြပါတယ်။  အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ရဲတပ်ဖွဲ့က နောက်ထပ် ထုတ်ပြန် ကြေညာတာ မရှိသေးမယ့် သေဆုံးသူ လေးယောက်ဟာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိတဲ့ အမျိုးသား တွေဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up