ဝင်ရောက်တိုက်ခိုက်

November 1, 2020

ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ဂိုနီ ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇုန်ကျွန်းတောင်ပိုင်းက ခရိုင်တွေကို စူပါတိုင်ဖွန်းမုန်တိုင်း ဂိုနီက နိုဝင်ဘာ ၁ ရက်နေ့မှာ ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။  ဒါကြောင့် လေကြီး မိုးကြီး ကျခဲ့တဲ့အတွက် ဘစ်ကိုး ဒေသထဲက ကာတန်ဒွါနက်စ်နဲ့ အယ်လ်ဘေး နေရာ ၂ ခုမှာ မြေပြိုခဲ့တယ်လို့ မိုးလေဝသဌနာက ပြောပါတယ်။  စူပါတိုင်ဖွန်းဂိုနီဟာ ဒီနှစ်ထဲမှာ ကမ္ဘာပေါ်မှာ တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းလည်း ဖြစ်ပြီး လေတိုက်နှုန်း ၁ နာရီ ကီလိုမီတာ ၃၁၀ ထိ ပြင်းထန်ခဲ့တာကြောင့် အိမ်ခေါင်မိုးတွေေ လွင့်ထွက်ကုန်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းဂိုနီဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်တွေကို မဝင်ခင် အာဏာပိုင်တွေက လူ ၁ သန်း လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ မြို့တော်မနီလာဟာလည်း မုန်တိုင်း လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။  အရင်လက တိုင်ဖွန်းမုန်တိုင်း မိုလေ့ ဖိလစ်ပိုင်ကို တိုက်ခတ်အပြီး မနီလာမြို့တော် တောင်ပိုင်းမှာ လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။ အခုလမှာ မုန်တိုင်းဂိုနီက ၁၈ လုံးမြောက် မုန်တိုင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ဝင်လာတာလည်း ဖြစ်ပါတယ်။
12 months Ago

October 12, 2020

ပါရီမြို့ ဆင်ခြေဖုံးရှိ ရဲစခန်းကို လူ ၄၀ ခန့် ဝင်ရောက်တိုက်ခိုက်

ပြင်သစ်မြို့တော်ပါရီရဲ့ ဆင်ခြေဖုံးက ရဲစခန်းကို လူအယောက် ၄၀ လောက်က သံတုတ်တွေ၊ မီးပန်းတွေသုံးပြီး အောက်တိုဘာ ၁၀ ရက်ညက ဝင်စီးနင်းဖို့ ကြိုးစားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါရီမြို့လယ်ကောင်ရဲ့ အရှေ့တောင်ဘက် ၉ မိုင်အကွာက ရဲစခန်းကို ချိန်ရွယ်ပြီး မီးပန်းတွေနဲ့ ပစ်ခတ်နေပုံ ရုပ်သံကို ရဲတွေက အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။ တိုက်ခိုက်သူတွေဟာ ရဲစခန်းထဲကို ဝင်ဖို့ အင်အားသုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘယ်သူမှ အဖမ်းမခံရပေမယ့် ရဲစခန်း ပြတင်းတွေ ကွဲကုန်ပြီး ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်အစောပိုင်းက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာလည်း ရဲစခန်းကို မီးပန်းတွေနဲ့ ထပ်ခါတလဲ ပစ်ခတ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ၂ နှစ်အတွင်း ရဲစခန်းကို တတိယမြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ရဲစခန်းဟာ မူးယစ်ကုန်ကူးနေတယ်လို့ သိကြတဲ့ အိမ်ရာစခန်းတခုနားမှာ ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် ထိပ်တန်းဦးစားပေးခရိုင်အဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။  မေလလယ်ကစတဲ့ ကိုဗစ်-၁၉ ကပ်ဘေးထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက် အဆုံးမှာ စီးပွားရေးကျဆင်းလို့ ရာဇဝတ်မှုတိုးလာတဲ့အတွက် သမ္မတ အီမန်နျူယယ်မက်ခွန်း အစိုးရက တပ်လှန့်မှု တိုးမြှင့်ထားခဲ့ရပါတယ်။
1 year Ago
Up