ဝင်ရောက်စီးနင်း

A d v e r t i s e m e n t With Us

February 26, 2021

တာမွေမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု မြင်ကွင်းများ

တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နဲ့ မအူကုန်းရပ်ကွက်တို့မှာ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းကစတင်က ဝင်ရောက်စီးနင်းခဲ့ပြီး ပြုလုပ်ခဲ့ကြပါတယ်။ ည ၈ နာရီ ၂၀ မိနစ်အထိ ရပ်ကွက်တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို အောင်မင်္ဂလာလမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ဒီကနေ့ ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ တစ်ကြိမ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo - JPaing / MPA

2 days Ago

January 7, 2021

အမေရိကန်လွှတ်တော်ကို ထရမ့်ထောက်ခံသူများ ဝင်ရောက်စီးနင်း

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ရှုံးနိမ့်တာကို လက်မခံဘဲပယ်ချတဲ့ ကြိုးပမ်းမှုအဖြစ်  ဇန်နဝါရီ ၆ ရက်က ထရမ့်ထောက်ခံသူ ရာချီပြီး   အမေရိကန်လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ လွှတ်တော်ကို ဝင်စီးနင်းတဲ့ လုပ်ရပ်ဟာ အမေရိကန် ဒီမိုကရေစီကို သိမ်းပိုက်တာဖြစ်ပြီး စီးနင်းမှုကြောင့် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရတာကို အသိမှတ်ပြုမယ့် အစည်းဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။  ဒါကြောင့် ရဲတွေက သေနတ်တွေကိုထုတ် ၊ မျက်ရည်ယို ဓာတ်ငွေ သုံးပြီး လွှတ်တော်အမတ်တွေကို ဘေးလွတ်ရာ ပြောင်းခဲ့ပါတယ်။  ဒါ့အပြင် ထရမ့်ထောက်ခံသူတွေကို လွှတ်တော်ကနေ ဖယ်ရှားဖို့ ရဲတွေဟာ အချိန် ၃ နာရီ ကျော်ကြာ ကြိုးပမ်းခဲ့ရပါတယ်။  ဒီဖြစ်ရပ်ဟာ အမေရိကန်လွှတ်တော်ကို ဗြိတိသျှစစ်တပ်မီးရှို့ခဲ့တဲ့ ၁၈၁၄ နောက်ပိုင်း အပျက်အစီးအများဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့  အမေရိကန်လွှတ်တော်သမိုင်းအဖွဲ့က ဆိုပါတယ်။  အမေရိကန်လွှတ်တော်ကို စီးနင်းတာနဲ့ပတ်သက်လို့ သမ္မတ ထရမ့်က ထောက်ခံသူတွေကို အိမ်ပြန်ကြဖို့နဲ့ အကြမ်းမဖက်ဖို့ ပြောဆိုခဲ့ပါတယ်။  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ကတော့ ဒီလုပ်ရပ်ဟာ ဆန္ဒပြတာ မဟုတ်ဘဲ ဆူပူအုံကြွမှု ဆိုပြီး ခေါ်ဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါ။
2 months Ago
More News
Up