ဝင်ရောက်

November 22, 2020

ကိုလံဘီယာကမ်းခြေကို ကြီးမားသည့်လှိုင်းလုံးကြီး ဝင်ရောက် (ရုပ်သံ)

ကိုလံဘီယာနိုင်ငံ ဆန်အန်ဒရက်စ်ကမ်းခြေကို ကြီးမားတဲ့ လှိုင်းလုံးကြီးတခု ဝင်ရောက်လာခဲ့တဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းကို နိုဝင်ဘာ ၁၆ ရက်က မြင်တွေ့ခဲ့ရပါတယ်။ အားကောင်းလာတဲ့ အိုင်အိုတာ ဟာရီကိန်းမုန်တိုင်း ဒေသတွင်း ဝင်ရောက်လာခြင်းကြောင့် အခုလိုမျိုးဖြစ်ခဲ့တာပါ။  အိုင်အိုတာမုန်တိုင်းဟာ နီကာရာဂွါ  အရှေ့မြောက်ပိုင်းကို ညတွင်းချင်းဝင်ရောက်လာပြီး လေတိုက်နှုန်း တစ်နာရီကို ၁၆၀ ကီလိုမီတာရှိမယ်လို့ ခန့်မှန်းရပါတယ်။  အမေရိကန်အလယ်ပိုင်းနဲ့ မက္ကဆီကိုတောင်ပိုင်းတို့ဟာ အီတာဟာရီကိန်းမုန်တိုင်းဒဏ်ကနေ ရုန်းကန်နေဆဲဖြစ်ပြီး ဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၂ ခုက စိုက်ပျိုးပင်တွေကို ဖျက်ဆီးခဲ့ သလို တောင်ကုန်းတွေကိုလည်း တိုက်စားခဲ့ကာ လူဒါဇင်ချီကိုလည်း သေဆုံးစေခဲ့ပါတယ်။  မြို့အများ စုမှာရေတွေရှိနေဆဲဖြစ်ပြီး ဒီဒေသဟာ အရင်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။
5 months Ago

October 29, 2020

ဟာရီကိန်း ဇီတာ လူဝီစီယားနားပြည်နယ်ကို ဝင်ရောက်

အမေရိကန် ပင်လယ်ကွေ့ ကုန်းတွင်းပိုင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း တတိယမြောက် ဟာရီကိန်း ဇီတာ အောက်တိုဘာ ၂၈ ရက် အစောပိုင်းက ဝင်ရောက်ခဲ့ပါတယ်။  မုန်တိုင်းအဆင့် သတ်မှတ်ချက် ၂ ရှိတဲ့ ဇီတာဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၁၀ နဲ့ လူဝီစီယားနားပြည်နယ်ကို ဝင်ခဲ့တာပါ။  နယူးအော်လင်းပြည်နယ်မှာတော့ ဟာရီကိန်းကြောင့် မိုးကြီးခဲ့ပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ လဲပြိုခဲ့ပါတယ်။  အခုအခါမှာတော့ ဇီတာဟာ မစ္စစ္စပီပြည်နယ် ဟေတီဘာ့ဂ် အရှေ့မြောက်ဘက် ၄၅ မိုင် အကွာမှာ ရှိပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၈၀ ရှိတယ်လို့ မိုင်ယာမီ အခြေစိုက် မိုးလေဝသဌာနက ဆိုပါတယ်။  ဇီတာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားမယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 
6 months Ago
More News
Up