စပိန်နိုင်ငံမှာ ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ်လက်နက်မှောင်ခိုတွေကို ဝင်ဖမ်းရာကနေ ဝှက်ထားတဲ့ နာဇီအမှတ်တရ ပစ္စည်းတွေကိုပါ တွေ့ခဲ့တယ်လို့ အရပ်ဘက်အစောင့်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှာ ပြောပါတယ်။
လက်နက်မှောင်ခိုဂိုဏ်းတွေကို တစ်နှစ်ကြာ စုံစမ်းပြီးနောက် ရဲတပ်ဖွဲ့က နေရာ ၃ ခုကို ဝင်စီးရာမှာ သေနတ်အလက် ၁၆၀ ၊ ကျည်ဆံ ၁၀,၀၀၀ နီးပါး နဲ့ ဖောက်ခွဲရေးပစ္စည်း ၁ ဒသမ ၅ ကီလိုဂရမ်ပါတဲ့ ကားဗုံးခွဲ လက်ပစ်ဗုံး တစ်လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ယာစွန်းအုပ်စုနဲ့ အဆက်အသွယ်ရှိသူ အပါအဝင် ဂျာမန်နိုင်ငံသား နှစ်ဦး နဲ့ ဗြိတိန်နိုင်ငံသား တစ်ဦးတို့ကို စပိန်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
သူတို့ကို လက်နက်မှောင်ခိုမှု ၊ မူးယစ်မှောင်ခိုမှုနဲ့ အထောက်အထား အတုလုပ်မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ စီးနင်းတဲ့ ဂိုဒေါင်ထဲမှာ နာဇီအမှတ်တရပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲမှာ အဒေါ့ဟစ်တလာရဲ့ပုံတူပန်းချီတွေနဲ့ နာဇီခေတ် ဂျာမန်စစ်ယူနီဖောင်းတွေကို ရဲတပ်ဖွဲ့က ပြသခဲ့ပါတယ်။
2 months Ago