ဝင်ပြိုင်မည်

A d v e r t i s e m e n t With Us

August 9, 2020

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းအရှေ့နှင့်တောင်ပိုင်း ၁၀ မြို့နယ် ဝင်ပြိုင်မည်

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းရှိ ၁၀ မြို့နယ်ကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ၁၀ မြို့နယ်အတွင်းမှာ လွှတ်တော် ၁၇ နေရာအထိဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  ရှမ်းပြည်နယ်ရှေ့ပိုင်းမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ နေရာ၊ ရှမ်းတောင်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ နေရာနဲ့ လားဟူတိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ၁ နေရာတို့ ယှဉ်ပြိုင်သွားမယ်လို့ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဒေါ်အေးသီတာမြင့် က ပြောပါတယ်။  “ကျမတို့က ရှမ်းတောင်နဲ့ ရှမ်းရှေ့ကို ၁၇ နေရာ ဝင်ပြိုင်ဖို့ လုပ်ထားတယ်။ ကျမတို့က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ တိုင်းရင်းသားတန်းတူကိုင်ပိုင်ပြဋ္ဌာန်းရေးကို ရည်ရွယ်တယ်။ ကိုယ်စားလှယ်လောင်းစာရင်းတွေ အကုန်တင်ပြီးပြီ၊ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်နေပါတယ်။” လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးခဲ့ပေမယ့် ရွေးကောက်ခံ လူငယ်ကိုယ်စားလှယ်လောင်းတွေ မရှိဘူးလို့ ဆိုပါတယ်။ “ကိုယ်စားလှယ်လောင်း ၁၇ ဦးမှာ အမျိုးသမီး သုံးဦးပါတယ်၊ လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း တင်လာတဲ့အခါ ဝင်ပြိုင်မယ့် လူငယ်ကိုယ်စားလှယ်တွေက မရှိဘူး” လို့ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း မြို့နယ်အလိုက် ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ ရွေးချယ်ထားတာလို့ဆိုပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှမ်းတိုင်းရင်းသားတွေအများဆုံးနေထိုင်ကြပြီး လားဟူတိုင်းရင်းသားတွေက ဒုတိယ အများဆုံးနေထိုင်ကြပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရှမ်းတောင်မှာ နမ့်စန်နဲ့ ကျေးသီးမြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းအရှေ့ မှာတော့ မိုင်းယောင်းနဲ့ မိုင်းယန်းမြို့နယ်ကလွဲပြီး ကျန် ၈ မြို့နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ခွန်ရာဇာ
7 months Ago

January 25, 2020

ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဘိုလီးဗီးယား ကြားဖြတ်သမ္မတ ပြော

ဘိုလီးဗီးယား ကြားဖြတ်သမ္မတ ဂျန်နင်းအန်းနက်စ်က မေလ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဇန်နဝါရီလ ၂၄ ရက်က  ကြေညာလိုက်ပါတယ်။  အောက်တိုဘာ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် ရလဒ်တွေ ထွက်ခဲ့ပြီး အီဗိုမိုရာလက်စ် ရာထူးက နုတ်ထွက်ခဲ့ရတာကြောင့် မေလမှာ ရွေးကောက်ပွဲ ပြန်လုပ်မှာ ဖြစ်ပါတယ်။ မြို့တော် လာပါ့ဇ်မှာ လုပ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ တွေ့ဆုံပွဲ အခမ်းအနားမှာ ကြားဖြတ်သမ္မတ အန်းနက်စ်က ဘိုလီးဗီးယားနိုင်ငံကို စည်းလုံးအောင် မဆောင်ကြဉ်းနိုင်တဲ့  ကွဲပြားဆန္ဒမဲတွေနဲ့ ကွဲပြားကိုယ်စားလှယ်တွေကြောင့် သူ့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သမ္မတ မိုရာလက်စ်၊ ဒုသမ္မတ ဂါစီယာလင်နီယာနဲ့ ဆိုရှယ်လစ်ပါတီက တခြား လွှတ်တော်အမတ်တွေ ရာထူးက နုတ်ထွက်သွားခဲ့ပြီးနောက် ကြားဖြတ်ခေါင်းဆောင်အဖြစ် သတ်မှတ်တဲ့ ဖွဲ့စည်းပုံဥပဒေအရ အထက်လွှတ်တော်အမတ် အန်းနက်စ်က ပြီးခဲ့တဲ့  နိုဝင်ဘာလမှာ ကြားဖြတ်သမ္မတ ရာထူးကို လက်ခံခဲ့ပါတယ်။ နိုင်ငံရေးလောကကို မဝင်ရောက်ခင်က ရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ ရှေ့နေလုပ်ခဲ့တဲ့ အန်းနက်စ်ဟာ မိုရာလက်စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦး ဖြစ်ပါတယ်။ အန်းနက်စ်ရဲ့ ကြားဖြတ်အစိုးရဟာ မိုရာလက်စ် လက်ထက်က မူဝါဒတွေနဲ့ လုံးဝ ကွဲလွဲတဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးတာကြောင့် ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။  သူ့အစိုးရဟာ ဘိုလီးဗီးယားရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အမေရိကန်အစိုးရနဲ့ သံတမန်ဆက်ဆံရေး ပြန်ထူထောင်ခဲ့ပါတယ်။
1 year Ago
Up