ဝင်တိုက်ခတ်

November 18, 2019

ဂရိစက်ရုံတခုကို ကြောက်မက်ဖွယ် ဝင်တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်း (ရုပ်သံ)

ဂရိနိုင်ငံတောင်ပိုင်းက စက်ရုံတရုံကို နိုဝင်ဘာ ၄ ရက်နေ့က လေဆင်နှာမောင်းတခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အကာပြားတွေနဲ့ အမိုးပြားတွေ လေနဲ့အတူ လွင့်ပါသွားခဲ့တယ်လို့ သိရပါတယ်။  ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ လေဆင်နှာမောင်းဟာ စက်ရုံရဲ့ ကားပါကင်ကို အရင်ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာ ပင်မအဆောက်အဦဆီ ရွေ့လျားသွားကာ အလူမီနီယမ်အပြားတွေနဲ့ အမှိုက်တွေလေနဲ့အတူ လွင့်ပါသွားတာကို မြင်တွေ့ခဲ့ရပါတယ်။  လေဆင်နှာမောင်းဒဏ်ခံခဲ့ရတဲ့ စက်ရုံဟာ ဂရိနိုင်ငံရဲ့ စားသောက်ကုန်ကုမ္ပဏီ Kalamata Papadimitriou ပိုင်ကုမ္ပဏီဖြစ်ပြီး လေဆင်နှာမောင်းဟာ မွန်းလွဲပိုင်းအချိန်မှာ တိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန် စက်ရုံထဲမှာ အလုပ်သမား အယောက် ၆၀ လောက်ရှိနေခဲ့တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။  လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့တဲ့နေရာတွေမှာ လူတွေ ရှိမနေခဲ့တာကြောင့် ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လေဆင်နှာမောင်းကြောင့် ပျက်စီးမှု များပြားခဲ့ပြီး အမိုးတွေ လန်ကုန်တာ၊ အကာတွေ ပြုတ်ထွက်တာနဲ့ ပြတင်းပေါက်တွေ တုန်ခါသွားတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up