မန်ချက်စတာယူနိုက်တာအသင်းရဲ့ လက်မှတ်ရောင်းရငွေရော၊ အရောင်းအဝယ်ကနေရတဲ့ တစ်နှစ်တာ ဝင်ငွေဟာ ကိုဗစ်ကြောင့် အတော်လေး ထိခိုက်ခဲ့တယ်လို့ ကလပ်အသင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ကိုဗစ်ကြောင့် ကစားပွဲ အစီအစဉ်ဇယားတွေမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာ၊ ပရိသတ်တွေကွင်းအဝင်နည်းသွားတာတွေကြောင့် အသင်းရဲ့ ဝင်ငွေအပေါ် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၂ လတာကာလဟာ အသင်းအတွက် သမိုင်းမှာ စိန်ခေါ်မှုအများဆုံး ဖြစ်ခဲ့တယ်လို့ အသင်းရဲ့ ဒု ဥက္ကဋ္ဌ အဒ်ဝုဝေါ့ဒ်က ဆိုပါတယ်။
ဘဏ္ဍာရေးနှစ် အပိတ်ဖြစ်တဲ့ ဇွန်လကုန်မှာ အသင်းရဲ့ ဝင်ငွေဟာ ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ပေါင် ၄၉၄ သန်းသာ ရှိခဲ့ပြီး လက်မှတ် ရောင်းရငွေကလည်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အသင်းရဲ့ တနှစ်အတွင်း ကုန်သွယ်ရေးကနေရရှိခဲ့တဲ့ ဝင်ငွေဟာလည်း ၁၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အသံလွှင့်လုပ်ငန်းတွေကနေရတဲ့ ဝင်ငွေကတော့ ၈၁ ဒသမ ၇ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။
တနှစ်တာ အသင်းရဲ့ဝင်ငွေ ဆုံးရှုံးမှုပမာဏက ဇွန်လ ၃၀ အထိ ပေါင် ၉၂ ဒသမ ၂ သန်း ရှိပြီး ကိုဗစ် စတင်ခဲ့တဲ့ အရင်တနှစ်က ပေါင် ၂၃ ဒသမ ၂ သန်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။