ဝင်ငွေနည်းသူတွေ

March 1, 2020

လူဇင်ဘတ်တွင် အခမဲ့ အများပြည်သူပို့ဆောင်ရေး စတင်

လူဇင်ဘတ်နိုင်ငံဟာ  ဖေဖော်ဝါရီ ၂၉ ရက်ကစလို့ အများပြည်သူတွေကို ရထား၊ လျှပ်စစ်ဘတ်စ်ကားနဲ့ ဘတ်စ်ကားတွေကို အခမဲ့စီးနင်းခွင့်ပေးလိုက်ပါတယ်။  ဒါဟာ လမ်းပိတ်ဆို့မှုနဲ့ညစ်ညမ်းမှုတွေကို ဖြေရှင်းဖို့နဲ့ ဝင်ငွေနည်းတဲ့သူတွေကို ထောက်ပံ့ဖို့  ဆောင်ရွက်တာလို့ အစိုးရက ပြောပါတယ်။  ဥရောပနိုင်ငံထဲက ချမ်းသာကြွယ်ဝပြီး  သေးငယ်တဲ့ နိုင်ငံငယ်လေး လူဇင်ဘတ်နိုင်ငံမှာ နေထိုင်သူ ၆ သိန်းကျော်သာ ရှိပါတယ်။  အိမ်နီးချင်း ဂျာမနီ၊ ဘယ်လ်ဂျီယမ်နဲ့ ပြင်သစ်နိုင်ငံတို့ကနေ နေ့စဉ်အလုပ်လုပ်ကိုင်ဖို့ လူ  ၂ သိန်းကျော် လာရောက်တဲ့အနက် အများစုက ကားတွေ နဲ့ လာတာပါ။   လူဇင်ဘတ်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ထက်ဝက်ကျော်ဟာ သယ်ယူပို့ဆောင်ရေး ကြောင့် ဖြစ်ပါတယ်။  လူဇင်ဘတ်နိုင်ငံဟာ  ၂၀၁၈ ကနေ ၂၀၂၈အထိ ရထားလမ်းတွေမှာ ယူရို ၃.၉ ဘီလီယံရင်းနှီး မြှုပ်နှံဖို့နဲ့ ဘတ်စ်ကားကွန်ရက်ကို အဆင့်မြှင့်တင်ဖို့နဲ့ နယ်စပ်ရှိပန်းခြံတွေနဲ့ စီးနင်းဖို့ နေရာတွေ ထပ်တိုးဖို့ စီစဉ်နေပါတယ်။  လူဇင်ဘတ်နိုင်ငံဟာ အများပြည်သူအခမဲ့သယ်ယူပို့ဆောင်ရေးကို ပထမဆုံးစတင်တဲ့ နိုင်ငံဖြစ်လာပါတယ်။  အရင်ကတော့  အက်စတိုးနီးယားနိုင်ငံရဲ့ မြို့တော်တက်လင်အပါအဝင်တချို့မြို့တွေမှာ အခု လို အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးကို စမ်းသပ်ခဲ့ကြပါတယ်။ 
1 year Ago
Up