စပါးအသင်းဟာ အိမ်ကွင်းပွဲစဉ်တွေကို ဝှိုက်ဟတ်လိန်းမှာ ပြန်လည်ကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ကွင်းရဲ့ လုံခြုံမှုနဲ့ပတ်သက်လို့ စစ်ဆေးစရာတွေ ရှိခဲ့တာကြောင့် ဝင်ဘလေကွင်းမှာပဲ ဆက်ကစားရမှာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပရိသတ် ၆၀၀၀ ကျော်ဝင်ဆန့်မယ့် ကွင်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့တာပါ။
စပါးအသင်းဟာ စက်တင်ဘာ ၁၅ ရက်မှာကစားမယ့် လီဗာပူးနဲ့ပွဲစဉ်ကို ကွင်းသစ်မှာ ပထမဆုံး ပြန်လည်ကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ကွင်းရဲ့အခြေအနေကို ပြန်လည်သုံးသပ် စစ်ဆေးရမှာ ဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ်မှ ပြောင်းရွှေ့ကစားခွင့်ရဖို့ ရှိနေပါတယ်။
ကွင်းအဆင်သင့် မဖြစ်သေးတာကြောင့် အောက်တိုဘာ ၁၄ ရက်မှာကစားဖို့ စီစဉ်ထားတဲ့ အမေရိက ဘောလုံးပြိုင်ပွဲကိုလည်း ဝင်ဘလေကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago