ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ဆွစ်ဇာလန်က ရော်ဂျာဖက်ဒရာကို အကြိတ်အနယ်ကစားပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၄ နာရီနဲ့ ၅၇ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲ သမိုင်းတလျှောက်မှာ အချိန်အကြာဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပွဲငယ်လေးပွဲမှာ နှစ်ဦးစလုံး ၂ ပွဲစီ အနိုင်ရခဲ့တာကြောင့် နောက်ဆုံးပွဲငယ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁၂-၁၂ စီ တူညီနေခဲ့ပေမယ့်လည်း နောက်ဆုံး အဆုံးအဖြတ်မှာ ဂျိုကိုဗစ်က အနိုင်ရခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာပါ။
အခုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန်အိုးပင်းမှာ ၅ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပြီး ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်အထိ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်ရှိ ရော်ဂျာဖက်ဒရာကတော့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဝင်ဘယ်လ်ဒန်အိုးပင်းမှာ ၈ ကြိမ်ချန်ပီယံနဲ့ အများဆုံးအဖြစ် မှတ်တမ်းတင်ထားသလို ဂရင်းစလင်း ချန်ပီယံဆုဖလား အများဆုံးရယူနိုင်တဲ့ ကစားသမားအဖြစ် အကြိမ် ၂၀ နဲ့ ဆက်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။
2 years Ago