ဝင်တိုက်

April 23, 2017

ခရီးသည် ၁၄၀ တင် သင်္ဘောကြီး အရှိန်မထိန်းနိုင်ဘဲ ဆိပ်ကမ်းနံရံကို ဝင်တိုက် (ရုပ်သံ)

စပိန်နိုင်ငံ ဂရန်ကန်နရီယာမြို့တော်မှာ အင်္ဂလိပ်လူမျိုးတွေအပါအဝင် ခရီးသည် ၁၄၀ တင်ဆောင်လာတဲ့ နာဗီးရီးယားအာမက်စ်ကုမ္ပဏီရဲ့ သင်္ဘောကြီးတစီးဟာ ဧပြီ ၂၁ ရက်နေ့ည ၁၀ နာရီလောက်က အရှိန်မထိန်းနိုင်ဘဲ ဆိပ်ကမ်းနံရံ ဝင်ဆောင့်မိခဲ့ပါတယ်။ သင်္ဘောက တန်နရီဖေးကျွန်းကို ဦးတည်ဖို့ ကန်နရီကျွန်းစုတွေထဲက တစ်ခုဖြစ်တဲ့ ဂရန်ကန်နရီယာကျွန်းက လက်စ်ပါလ်မာစ်ဆိပ်ကမ်းနံရံကို ဝင်တိုက်ခဲ့တာဖြစ်ပြီး လူ ၁၃ ဦး ဒဏ်ရာရတယ်၊ သူတို့ထဲက တဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ သင်္ဘောကြီးက ဆိပ်ကမ်းကထွက်ခွာပြီး မိနစ်အနည်းလောက်မှာ လျှပ်စစ်ပျက်တောက်သွားလို့ သင်္ဘောဝန်ထမ်းတွေက ပြန်ကပ်ဖို့ ကြိုးစားကြတာပါ။ ဒါပေမယ့် သင်္ဘောသွားလမ်းကြောင်းပေါ်ရောက်အောင် မထိန်းနိုင်လို့ ဒီလိုနံရံကို ဝင့်ဆောင့်မိသွားတာလို့ သိရပါတယ်။ သင်္ဘောကြီး တဖက်တချက်စီ လှုပ်ရမ်းသွားပြီး ဦးပိုင်းက ဆိပ်ကမ်းအုတ်နံရံကို ဝင်တိုက်မိတာကို ရုပ်သံထဲမှာ မြင်တွေ့ရပါတယ်။ ဆိပ်ကမ်းရဲ့နံရံကို အားပြင်းပြင်းနဲ့ ဝင်တိုက်မိသလို ဆိုက်ကပ်ထားတဲ့ ရေယာဉ် ၂ စီးလည်း သင်္ဘောတိုက်မိပြီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားမှုမှာ ဘယ်သူမှ မသေဆုံးတာက တကယ့်အံ့သြစရာပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ခရီးသည်တွေကို သဘောင်္ပေါ်မှ ထွက်ခွာခိုင်းပြီး တန်နရီဖေးကို ပြန်လို့ရတဲ့အထိ နီးစပ်ရာဟိုတယ်တွေမှာ ထားတယ်လို့ သိရပါတယ်။ သင်္ဘေဘာကြီး ဆိပ်ကမ်းနံရံကို ဝင်တိုက်မှုကြောင့် ဆိပ်ကမ်း အကြီးအကျယ်ပျက်စီးစေ တယ်လို့ သိရပါတယ်။ ပင်လယ်ထဲကို သင်္ဘောဆီတွေ ထွက်ကျလာလို့ ဒေသခံအစိုးရက မနက် ၁ နာရီခွဲမှာ အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up