မကြာသေးခင် သီတင်းပတ်တွေအတွင်း ဝက်သက်ရောဂါကြောင့် လူ ၆၅ ယောက် သေဆုံးခဲ့ပြီးနောက် ဆာမိုအာကျွန်းနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေးထိုးပြီးပြိလို့ အစိုးရက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း ဝက်သက်ရောဂါ နောက်ထပ်ဖြစ်သူ ၁၀၃ ယောက် တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လူဦးရေ ၂ သိန်းသာ ရှိတဲ့ ဆာမိုအာကျွန်းနိုင်ငံမှာ အောက်တိုဘာလ နှောင်းပိုင်းကစလို့ လူ ၄၅၀၀ နီးပါး ဝက်သက်ရောဂါ ဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။
နောက်ပြီး သေဆုံးသူတွေထဲက ၅၇ ယောက်ဟာ အသက် ၄ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။ ဆာမိုအာလူဦးရေရဲ့ ၉၀ ရခိုင်နှုန်းကို မဖြစ်မနေ ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်း ချက်ထား လုပ်ဆောင်နေပါတယ်။
ဝက်သက်ရောဂါဟာ ကမ္ဘာတဝန်း ပြန်ခေါင်းထောင်လာပြီး ချမ်းသာကြွယ်ဝတဲ့ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် ဝက်သက်ရောဂါ ပြန်ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
3 years Ago