ဝက်လက်မြို့နယ်

November 25, 2021

ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာက ပြည်သူ ၄ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမွှေနှောက်ပြီး ပြည်သူ ၄ ဦးအား ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကားနှစ်စီးနဲ့ လာတာ  စစ်အင်အား ၂၀ ကျော်လောက်ပါတယ်။ ဖမ်းခံရတဲ့သူတွေက ဆင်နင်းရွာက ကြည့်ပါပဲ။ မိန်းကလေးတစ်ယောက်က စစ်သားတွေလာတယ်ဆိုလို့ တံခါးပိတ်တာ အိမ်တံခါး ပိတ်လို့ဆိုပြီး အဖမ်းခံလိုက်ရတယ်။ အားလုံး ၄ ယောက်ဖမ်းသွားတယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက် ဖမ်းဆီးခံရသူတွေဟာ ဆင်နင်းကျေးရွာကဖြစ်ပြီ ကိုလူမော်၊ မောင်ဖိုးအေး၊ မခိုင်ဇာလွင်၊ မောင်ဉာဏတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ လတ်တလောကာလ ဖမ်းဆီးမှုတွေ များပြားလာခဲ့ပြီး ဖမ်းဆီးခံရသူ တွေကို  ၁ သိန်း၊ ၂ သိန်းကနေ သိန်း ၁၀ ချီပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

1 week Ago

October 28, 2021

ဝက်လက်မြို့နယ် ‌ရွှေညောင်တော်ဘုရားအနီး လူသေအလောင်းအချို့ တွေ့ရှိ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ အမှတ် ၃ လမ်းမကြီးလို့ခေါ်တဲ့ စစ်ကိုင်း-ကျောက်မြောင်း ဗျူဟာလမ်းဘေးက ရွှေညောင်တော်ဘုရားအနီးမှာ  ခရီးသွားပြည်သူတချို့ရဲ့ ရုပ်အလောင်းတွေ တွေ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“ဗျူဟာလမ်းဘက်က ရွာစဉ်လည်း ကျဲတယ်။ အသွားအလာလည်း နည်းတယ်။ ရွှေညောင်တော်ဘုရားဆိုတာကလည်း လူသူမနီးတဲ့နေရာ တည်ထားတာ။ အဲဒီနေရာကို စစ်တပ်က ခဏ ခဏ လာပြီး တပ်စွဲတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

‌ညှဉ်းပန်းသတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းကို အောက်တိုဘာ ၂၆ ရက်က စတင်တွေ့ခဲ့ ရပြီး ဦးခေါင်းကို ကြေမွအောင်သေနတ်ဒင်နဲ့ ထုထားတဲ့ဒဏ်ရာအပြင် နာရွက်တစ်ဖက်နဲ့ လက်တဖက်လည်း ဖြတ်ထားတယ်လို သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း သေဆုံးရုပ်အလောင်း နှစ်လောင်းထပ်မံတွေ့ရှိခဲ့ကာ သူတို့ရဲ့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။

‌စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက်ပိုင်း ခရီးသွားပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ကာ ပစ္စတိုသေနတ်တလက်လည်းပါတဲ့ မိုင်းဆွဲသူ ၄ ယောက် ဖမ်းဆီးမိတယ်လို့ မြို့မရဲစခန်းက ကြေညာထားပါတယ်။

စစ်ကိုင်း-ကျောက်မြောင်းဗျုဟာလမ်းကို အသုံးပြုပြီး ပြည်သူတွေအနေနဲ့ ခရီးမသွားဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

1 month Ago
More News
Up