ဝက်လက်မြို့

May 15, 2021

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF(WetLet) ဖွဲ့စည်းလိုက်တယ်လို့ မေ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ပြီး မိမိတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ ရဲဘော်တွေနဲ့ PDF (WetLet) ကို တည်ထောင်လိုက်တာလို့ သိရပါတယ်။

ကြေညာချက်မှာတော့ ဝက်လက်မြို့နယ်နဲ့ဝန်းကျင်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်များရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ CDM ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျား စနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့  ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ NUG၊  CRPH၊ SPDF တို့နဲ့ ချိတ်ဆက်ပြီး အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေးကို နည်းစနစ်တကျ ဖော်ဆောင်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။ 

PDF (WetLet) ကို  ဝက်လက်မြို့နယ်က ကျေးရွာအုပ်စု ၆၉ အုပ်စုနဲ့ ရပ်ကွက် ၃ ခုက စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြတဲ့ GY၊  GZ တွေ အားလုံးရဲ့သဘောတူညီချက်နဲ့အညီ ဖွဲစည်းလိုက်တာလို့လည်း သိရပါတယ်။

4 weeks Ago

May 2, 2021

ဝက်လက်မြို့၌ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ၈ ဦး ကျည်ထိမှန်၊ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့မှာ မေလ ၂ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်လက်မြို့မှာ ရက်အတန်ကြာရပ်နားထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့အဖြစ် ဒီနေ့မနက်  စတင်ချီတက်ဆန္ဒပြဖို့ စုဝေးနေကြစဉ် စစ်ကောင်စီရဲ့ရဲလုံခြုံရေးတပ်ဖွဲ့က လူငယ် ၄ ဦးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ 

ဒါကြောင့် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြလူထုက သွားရောက်တောင်းဆိုခဲ့ရာမှာ ရဲကသေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်ဦးက ကျောကနေ ဗိုက်အထိကျည်ဖေါက်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့သလို အသက် ၂၂ နှစ်အရွယ် ကိုမင်းဇင် ကတော့ ဦးခေါင်း ကျည်ထိမှန်ဒါဏ်ရာနဲ့ နေရာမှာတင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ရာဘာကျည်ထိမှန်ပြီး ကျည်စိုက်ဝင်နေသူတွေကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိရဘူးလို့သိရပါတယ်။

1 month Ago

စစ်ကိုင်းတိုင်းနေရာအနှံ့ ပြည်သူများ ဆန္ဒပြ၊ ဝက်လက်မြို့၌ စစ်တပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၂ ရက်နေ့က  အရုဏ်ဦးသပိတ်စစ်ကြောင်းနဲ့ နေ့လယ် သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေရှိခဲ့ပြီး ဆန္ဒပြပြည်သူတချို့ ဖမ်းဆီးခံရပါတယ်။ 

မုံရွာမြို့ခံလူထုက ဒီကနေ့ မနက်အစောပိုင်းစပြီး ဆိုင်ကယ်သပိတ်၊ ချီတက်လမ်းလျှောက်သပိတ်၊ စာရွက်သပိတ်၊ အနက်ရောင်တီရှပ်သပိတ် စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဝက်လက်မြို့မှာတော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး ပြည်သူ  ၇ ဦး သေနတ်ထိမှန်ကာ ၂ ဦးကျဆုံးတယ်လို့ ကနဦးသိရပါတယ်။ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့သပိတ်ကို မုံရွာတင်မက ဆားလင်းကြီး၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ချောင်ဦးအပြင် စစ်ကိုင်းတိုင်းအတွင်း တခြားမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

1 month Ago
More News
Up