ဝက်လက်တောင်သူ

February 7, 2021

အာဏာသိမ်းစစ်အစိုးရကို ဝက်လက်တောင်သူများ ဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာနေ လယ်သမားတွေက ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြ ပါတယ်။

“ဝန်ထမ်းတွေ လက်ရှိဆောင်ရွက်နေတာတွေကို  ထောက်ခံပါတယ်။ ကျနော်တို့လည်းပူး ပေါင်းပါဝင်ချင်ပါတယ်” လို့ ညောင်ပင်ကြီးတောရွာသားတစ်ဦးက ပြောပါတယ်။

လယ်သမားတွေက စစ်အာဏာသိမ်းတာကို အပြင်းအထန်ကန့်ကွက်ကြောင်း၊ မဲပေးထားတဲ့ ပြည်သူ့အစိုးရကိုသာ အလိုရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးက ဝန်ထမ်းတွေနဲ့အတူ ရပ်တည်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

2 months Ago

December 6, 2020

နှမ်းဈေးကျဆင်းနေသဖြင့် ဝက်လက်တောင်သူများ အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းက ဆောင်းနှမ်းစိုက်တောင်သူတွေဟာ အရင်နှစ်ကထက် နှမ်းဈေးတွေ အဆမတန်ကျဆင်းနေတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က နှမ်းနက်ပြာခေါ်(ဆင်းရတနာ ၃) နှမ်း ၁ တင်းကို အနိမ့်ဆုံး ၇ သောင်းကနေ အမြင့်ဆုံး ၉ သောင်းအထိ ရောင်းချကြရတာဖြစ်ပြီး အခုနှစ်မှာ ၁ တင်းကို ၅ သောင်းကျော်သာ‌ ရောင်းရတာဖြစ်လို့ မနှစ်ကနဲ့စာရင် နှမ်း (သုံးတင်းဝင်) ၁ အိတ်ကို ၆ သောင်းကျော်လောက်အထိ ကွာဟတယ်လို့ ဆားတောင်နီကျေးရွာနေ နှစ်စိုက်တောင်သူ ဦးရဲမြင့်ကပြောပါတယ်။ “မနှစ်က ဈေးနဲ့စာရင် နှမ်း ၁ အိတ်ကို ၆ သောင်းလောက်အထိ ကွာဟနေတာဖြစ်ပါတယ်။ နောက်ပြီးတော့ ကားလမ်းတွေကလည်း မသွားရမလာရဆိုတော့ ဝယ်လက်တွေလည်း နှေးလာတယ်။ ကျနော်တို့မှာ လုပ်အားခတွေရှင်းဖို့ အခက်အခဲတွေဖြစ်နေတယ်။” ဝက်လက်မြို့နယ်အတွင်းက ရှိမ္မကား၊ သစ်ဆိမ့်၊ ဆားတောင်နီ အစရှိတဲ့ ဧရာဝတီမြစ်ရိုးဘေးက ကျေးရွာတွေဟာ မန္တလေးမြို့ပေါ်ကို ဈေးပိုရလို့ တိုက်ရိုက်တက်ရောင်းကြတာဖြစ်‌ပေမဲ့ မန္တလေးမှာ ကိုဗစ်-၁၉ ကူးစက်မှုများလာလို့ အသွားအလာကန့်သတ်လိုက်တာဖြစ်ပါတယ်။  ဝက်လက်မြို့ပေါ်က နှမ်းပွဲရုံတွေကတော့ ရောင်းဝယ်တာတွေပြုလုပ်နေပြီး ဒီဇင်ဘာ ၅ ရက်နေ့ညနေအထိ ၁ တင်းကို ၅၃၀၀၀ ဈေးရှိကာ ပွဲရုံအားလုံးပေါင်း နေ့စဉ် တင်းရေ ၃၀၀ ကနေ ၁၀၀၀ ကြား အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ နှမ်းအရောင်းအဝယ်ပြုလုပ်တဦးက ပြောပါတယ်။ အင်ကြင်းပင်ကျေးရွာက နှမ်းတောင်သူတဦးက “လုပ်အားခရှင်းဖို့၊ ဆိုင်ကယ်နဲ့လာရင်လည်း ဆီဖိုးပေးဖို့၊ ဝယ်ချက်ကျွေးဖို့ လာတဲ့အလုပ်သမားကို ခေါ်ပြီးခိုင်းတော့ အပြန်ကြ တခါတည်း ငွေ‌ကချေရတာ၊ မရှိပြန်တော့ ငွေတိုးယူပြီးချေရတာ” လို့  ပြောပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ဆောင်းနှမ်းဧက ၆ သောင်းကျော်စိုက်ထားပြီး ဆင်းရတနာ ၃ နှမ်းမျိုးနဲ့ ဆင်းရတနာ ၁၄ နှမ်းမျိုးတွေ အများဆုံးစိုက်ကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ အောင်စံလင်း
4 months Ago
Up