ဝက်ဘရွမ်း

A d v e r t i s e m e n t With Us

December 28, 2020

လီဗာပူးအသင်း ဝက်စ်ဘရွမ်းနှင့် သရေကျပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

မနေ့ညက ကန်သွားတဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဘရွမ်းအသင်းဟာ တစ်မှတ်ရဖို့ ထိုက်တန်မှုရှိခဲ့တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။  အန်ဖီးလ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ ပထမပိုင်းတလျှောက်လုံး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး မာနေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးရရှိဖို့ကြိုးပမ်းခဲ့ပေမယ့် ဆီမီအဂျာရီက ဧည့်သည် ဝက်စ်ဘရွမ်းအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၁ ဂိုးစီသရေ ရမှတ် ၁ မှတ်စီခွဲယူခဲ့ရပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က  “ပထမပိုင်းက ဝက်စ်ဘရွမ်းအသင်းပုံစံလို အသင်းတစ်သင်းက ကစားလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူ။ ၆-၄-ဝ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ သူတို့ဘက်က တန်ပြန်တိုက်စစ် အခွင့်အရေး ၃ ကြိမ်နဲ့ ထောင့်ကန်ဘော များစွာရရှိခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ ရဲ့လိုအပ်ချက်ပါ။ ဒါ့ကြောင့် ၃ မှတ် မရဘဲ ၁ မှတ်ရတာပါ” လို့ ပွဲအပြီးမှာ ပြောပါတယ်။ ဝက်စ်ဘရွမ်းအသင်းဟာ မိနစ် ၉၀ အတွင်းမှာ သူတို့လုပ်စရာရှိတာကို လုပ်သွားခဲ့တဖြစ်ပြီး ဝက်ဘရွမ်းဟာ တစ်မှတ်ရဖို့ ထိုက်တန်မှုရှိပါတယ်လို့လည်း နည်းပြကလော့ပ်က ပြောပါတယ်။  “ပွဲမှာလည်း အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲပါတယ်။ အဆုံးသတ်မှာတော့ ကျနော်တို့ အားလုံးဟာ ဒီထက်ပိုကောင်းကောင်းလုပ်ပြနိုင်ခဲ့သင့်တယ်လို့ ခံစားရပါတယ်။” ဒီပွဲမှာ သရေကျခဲ့ပေမယ့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားဆဲဖြစ်ပြီး ဒုတိယနေရာက အဲဗာတန်ကို ၃ မှတ်ဖြတ်ထားပါတယ်။  ဒါပေမဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့သာ ပွဲကျန်တစ်ပွဲစီကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ရပ်တည်မှုဟာ ပြောင်းလဲလာဖို့ရှိနေပါတယ်။
2 months Ago
Up