ဝက်ဖို့ဒ်အသင်း

July 20, 2020

ဝက်ဖို့ဒ်အသင်းနည်းပြ ပီယာဆန်ကို ရာထူးက ထုတ်ပယ်

ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးခင်မှာ ဝက်ဖို့ဒ်အသင်းဟာ နည်းပြနီဂယ်ပီယာဆန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  ဝက်ဖို့ဒ်ဟာ သောကြာနေ့တုန်းက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အသင်းဟာ တန်းဆင်းဇုန်နဲ့ ၃ မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။  ပီယာဆန်ဟာ ဒီရာသီအတွင်း ဝက်ဖို့ဒ်အသင်းကနေ ထုတ်ပယ်လိုက်တဲ့ ၃ ဦးမြောက်နည်းပြဖြစ်ပါတယ်။ သူ့မတိုင်ခင် စက်တင်ဘာလမှာ နည်းပြဂျာဗီဂါစီယာကို ထုတ်ပယ်ခဲ့ပြီး ဒုတိယမြောက်နည်းပြဖြစ်တဲ့ ဆန်းချက်ဇ် ဖလောရက်စ်ကတော့ ၁၀ ပွဲသာ တာဝန်ယူပြီးချိန် ဒီဇင်ဘာလမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။  အခုထုတ်ပယ်ခံလိုက်ရတဲ့ ပီယာဆန်ဟာ ဝက်ဖို့ဒ်အသင်းကို ဒီဇင်ဘာလမှာမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး သူရောက်လာစဉ်အသင်းဟာ အမှတ်ပေးဇယားရဲ့အောက်ဆုံးမှာရှိနေပြီး တန်းဆင်းဇုန်အထက်က အသင်းနဲ့ ၆ မှတ်ကွာဟခဲ့ပါတယ်။  ပီယာဆန်နည်းတူ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ခရိတ် ရှိတ်စပီးယားဟာလည်း အသင်းကနေ ထွက်ခွာခဲ့ရပြီး လစ်လပ်သွားတဲ့ရာထူးနေရာကို အသင်းရဲ့ ယူ - ၂၃ နည်းပြ ဟေဒန်မူလင်းက ရာသီကုန်ဆုံးချိန် အထိတာဝန်ယူသွားမှာဖြစ်ပါတယ်။  ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့အတွက် နှစ်ပွဲသာကျန်ရှိတော့ပြီး ဝက်ဖို့ဒ်အသင်းဟာ မန်စီတီး၊ အာဆင်နယ် စတဲ့အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။  ပီယာဆန်ဟာ ဝက်ဖို့ဒ်အသင်းကို ပွဲပေါင်း ၂၀ တာဝန်ယူခဲ့ပြီး အဲ့ဒီထဲက ၇ ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။  ပီယာဆန်ဟာ ဒီရာသီအတွင်း ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်အသင်းရဲ့စံချိန်ကို ချိုးဖျက်ခဲ့သူဖြစ်ပြီး နိုင်ပွဲရရှိမှုရာခိုင်နှုန်းဟာလည်း ၃၅ ရာခိုင်နှုန်းအထိရှိသူဖြစ်ပါတယ်။  ဒါပေမဲ့ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာတော့တဲ့ အနေအထားမှာ လက်ကျန်ပွဲကျပ် နှစ်ပွဲအတွက် စိုးရိမ်မှုရှိနေတာကြောင့် အသင်းတာဝန်ရှိသူတွေက သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။
2 years Ago

September 22, 2019

မန်စီးတီးက ဝက်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲစစချင်း ၁ မိနစ်မှာတင် ဧည့်သည်အသင်းက ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် မန်စီးတီးရဲ့ တိုက်စစ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပထမပိုင်း ၁၈ မိနစ်အတွင်းမှာ ၅ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၃ ဂိုး ပေးခဲ့ရပြီး ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒေးဗစ်ဆေးဗားလ်၊ အဂူရို၊ မာရက်ဇ်၊ နီကိုလတ်စ်၊ ဒီဘရိုင်းတို့က ၁ ဂိုးစီနဲ့ ဗာနန်ဒို ဆေးဗားလ်က ၃ ဂိုး သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းဟ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယား အဆင့် ၂ မှာ ဆက်လက် ရပ်တည်နေပြီး ဝက်ဖို့ဒ်အသင်းကတော့ တန်းဆင်းဇုန် အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှာတော့ စပါးအသင်းက လက်စတာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္စီးတီးက ဝက္ဖို႔ဒ္အသင္းကို ၈ ဂိုးျပတ္အႏိုင္ရ (႐ုပ္သံဟိုက္လိုက္) မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ မန္စီးတီးအသင္းက ဝက္ဖို႔ဒ္အသင္းကို ၈ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။ မန္စီးတီးအသင္း အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပြဲစစခ်င္း ၁ မိနစ္မွာတင္ ဧည့္သည္အသင္းက ဦးေဆာင္ဂိုးေပးခဲ့ရၿပီးေနာက္ မန္စီးတီးရဲ႕ တိုက္စစ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ပထမပိုင္း ၁၈ မိနစ္အတြင္းမွာ ၅ ဂိုးနဲ႔ ဒုတိယပိုင္းမွာ ၃ ဂိုး ေပးခဲ့ရၿပီး ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာပါ။ မန္စီးတီးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ေဒးဗစ္ေဆးဗားလ္၊ အဂူ႐ို၊ မာရက္ဇ္၊ နီကိုလတ္စ္၊ ဒီဘ႐ိုင္းတို႔က ၁ ဂိုးစီနဲ႔ ဗာနန္ဒို ေဆးဗားလ္က ၃ ဂိုး သြင္းယူခဲ့တာပါ။ မန္စီးတီးအသင္းဟ ဒီပြဲအႏိုင္ေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၂ မွာ ဆက္လက္ ရပ္တည္ေနၿပီး ဝက္ဖို႔ဒ္အသင္းကေတာ့ တန္းဆင္းဇုန္ ေအာက္ဆုံးမွာ ရပ္တည္ေနပါတယ္။ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ တျခားပြဲစဥ္တခုမွာေတာ့ စပါးအသင္းက လက္စတာအသင္းကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။
2 years Ago
Up