ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးဘတ်ရူအာယီကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘတ်ရူအာယီဟာ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး ဝက်စ်ဟမ်းအသင်းဘက်ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ၂၉ ပွဲ ကစားပေးထားတဲ့ ဘတ်ရူအာယီအတွက် ပေါင်သန်း ၄၀ ပေးချေဖို့ ဝက်စ်ဟမ်းအသင်းကို တောင်းဆိုထားပါတယ်။
တိုက်စစ်မှူး ဘတ်ရူအာယီဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲသာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
နည်းပြလမ်းပတ်ရဲ့ တိုက်စစ်အခင်းအကျင်းမှာ အင်္ဂလန်တိုက်စစ်မှူး အေဗရာဟမ်ကို ဦးစားပေး ပွဲထွက်စေခဲ့တာကြောင့် ဘတ်ရူအာယီအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ရှိနေပါတယ်။
ဘတ်ရူအာယီဟာ ၂၀၁၆ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းမှာရောက်ရှိလာပေမယ့် ဒေါ့မွန်၊ ဗလင်စီယာနဲ့ ခရစ္စတယ်ပဲလေ့အသင်းတွေမှာ အငှားထွက်ကစားခဲ့ရပါတယ်။
10 months Ago