ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာ ကွင်းလယ်လူ ဂတ်ဆန် ဖာနန်ဒက်စ်ကို ခေါ်ဖို့ သဘောတူညီမှုရသွားပြီဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဂတ်ဆန်ဖာနန်ဒက်စ်ဟာ ဘင်ဖီကာ ကွင်းလယ်မှာ ခြေစွမ်းပြနေပြီး ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိခဲ့တာပါ။
အခုချိန်မှာတော့ ဝက်စ်ဟမ်းအသင်းက လက်ဦးမူရယူနိုင်ခဲ့တာဖြစ်ပြီး ၁၈ လ အငှား စာချုပ်နဲ့ အခုရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းအသင်းဟာ အသင်းနည်းပြရာထူး အပြောင်းအလဲ လုပ်ထား တာဖြစ်ပြီး ပယ်လီဂရီနီရဲ့နေရာမှာ ပရီးမီးယာလိဂ်ဝါရင့်နည်းပြ ဒေးဗစ်မွိုက်စ်ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။
1 year Ago