ဝက်စ်ဟမ်း

August 30, 2022

ဘရာဇီးလက်ရွေးစင် ပတ်ကေတာကို ပေါင် ၅၁ သန်းဖြင့် ဝက်စ်ဟမ်းအသင်းခေါ်ယူ

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကလပ်လီယွန်အသင်းက ဘရာဇီးကွင်းလယ်တိုက်စစ်မှူး ပတ်ကေတာကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ဘရာဇီးသားဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၁၀ ဝတ်ဆင်ကစားမှာပါ။

ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာရလို့ အလွန်စိတ်လူပ်ရှားမိပြီး အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်စရာခရီးတစ်ခု စတင်ခြင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်းပတ်ကေတာက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းအတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး အခုနှစ်ရာသီမှာပိုမိုကောင်းမွန်တဲ့ရာသီဖြစ်လာဖို့ မျှော်လင့် ကြောင်း ပတ်ကေတာကပြောပါတယ်။

သူဟာ  ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ၂၀၁၉ ခုနှစ်မှာ အေစီမီလန်၊ ၂၀၂၀ ပြည့်နှစ်မှာ လီယွန်အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

လီယွန်နဲ့ ပွဲ ၈၀ မှာ ၂၁ ဂိုးသွင်းခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အတွက်တော့ ၃၃ ပွဲကစားထားပြီး ၇ ဂိုးသွင်းထားပါတယ်။  

3 months Ago

May 16, 2022

၁၈ နှစ်ကြာကစားခဲ့သည့် မာ့ခ်နိုဘယ်၏ သစ္စာရှိမှုအပေါ် ဝက်စ်ဟမ်းပရိသတ်များ ဂုဏ်ပြု

ဝက်စ်ဟမ်းအသင်းမှာ ၁၈ နှစ်ကြာ ကစားခဲ့တဲ့ အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်ကို မန်စီးတီးနဲ့ ပွဲမှာ ပရိသတ်တွေက ဂုဏ်ပြုခဲ့ပါတယ်။ 

အသက် ၃၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူ မာ့ခ်နိုဘယ်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဝက်စ်ဟမ်းအကယ်ဒမီမှာ စတင်ရောက်ရှိခဲ့တာပါ။ ၂၀၀၄ ခုနှစ် ကတည်းက ဝက်စ်ဟမ်းအသင်းကြီးမှာ စတင်ကစားခဲ့ပြီး အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။ 

မနေ့က မန်စီးတီးနဲ့  ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်ပြီး ကွင်းထဲမှာ နှုတ်ဆက်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။ 

မာ့ခ်နိုဘယ်ရဲ့ ကျောနံပါတ် ၁၆ ကို ရည်ညွှန်းပြီး ပွဲချိန် ၁၆ မိနစ်မှာ  ဝက်စ်ဟမ်းပရိသတ်အားလုံးက နိုဘယ်အတွက်မက်တပ်ရပ်ကာ ဂုဏ်ပြုလုပ်လက်ခုပ်တီး ခဲ့ပါတယ်။ 

အဲဒီအချိန်မှာ မာ့ခ်နိုဘယ်တစ်ယောက် မျက်ရည်ကျခဲ့တာကို ရုပ်သံတွေကအမိအရရိုက်ပြခဲ့ ပါတယ်။ နိုဘယ်ဟာ ပွဲချိန် ၇ ရမိနစ်မှာတော့  ဒက်ကလန်ရိုက်ဆီက အသင်းခေါင်းဆောင်လက်ပတ်ကို ရယူပြီး လူစားဝင်ကစားခဲ့ပါတယ်။ 

ပွဲအပြီးမှာ အသင်းဘက်က ကျောနံပါတ် ၁၆ မှာ ဂျာစီကို မှန်ဘောင်သွင်းပြီး အမှတ်တရပေးအပ်ခဲ့သလို ပရိသတ်တွေနဲ့လည်း နှုတ်ဆက်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်းမှာ အတက်အကျတွေရှိခဲ့ပေမယ့် ပရိသတ်တွေကို ဂုဏ်ယူစရာဖြစ်စေဖို့ မျှော်လင့်ပြီး ဝက်စ်ဟမ်းမှာ အချိန်ကြာမြင့်စွာကစားခွင့်ရခဲ့တာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ နိုဘယ်ကပြောပါတယ်။ 

ဟားလ်စီးတီးနဲ့ ချာတန်အသင်းတွေကာ ကာလတိုအငှားထွက်ကစားခဲ့တာကလွဲရင် ဝက်စ်ဟမ်းတသင်းထဲမှာပဲ ကစားခဲ့တဲ့ နိုဘယ်ဟာ စုစုပေါင်းပွဲ ၅၀၀ ကျော်ကစားပေးခဲ့ပါတယ်။

7 months Ago

နောက်ဆုံးပွဲစဉ် အနိုင်ယူပြီး ချန်ပီယံဆုဖလားယူနိုင်မည်ဟု မန်စီးတီးနည်းပြ ယုံကြည်

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အနိုင်မရခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ အနိုင်ကစားပြီး ချန်ပီယံဆုဖလားယူနိုင်မယ်လို့ နည်းပြဂွါဒီယိုလာက ယုံကြည်နေပါတယ်။ 

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဦးဆောင်ဂိုး ၂ ဂိုး စတင်ပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ၂ ဂိုးပြန်သွင်းခဲ့ပါတယ်။ ပင်နယ်တီရရှိခဲ့ပေမယ့် မာရက်ဇ်ရဲ့ကန်ချက်ကို ဝက်စ်ဟမ်းဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။ 

မန်စီးတီးဟာ တပွဲပိုကစားပြီး လီဗာပူးကို ၄ မှတ်ဖြတ်ထားပေမယ့် လီဗာပူးက ဆောက်သမ်တန်ကို အနိုင်ရခဲ့ရင် တမှတ်သာကွာဟတော့မှာပါ။ ဒီအခြေအနေမှာ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်က ချန်ပီယံဖြစ်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပြီး အနိုင်ကစားဖို့လိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

“ချန်ပီယံဖြစ်ချင်ရင် နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားဖို့လိုအပ်ပါတယ်။ ကျနော်တို့အနိုင်မရရင် လီဗာပူးက ချန်ပီယံဖြစ်သွားလိမ့်မယ်။ လာမယ့်တပတ်ပွဲစဉ်မှာ ပရိသတ်တွေပြည့်လျှံနေတဲ့ ကျနော်တို့ ကွင်းထဲမှာ ကစား သမားတွေအားလုံးက အစွမ်းကုန်ပေးဆပ်ကြပါလိမ့်မယ်။ ပရိသတ်တွေက သူတို့ရဲ့အသက်တွေကို ကျနော်တို့ကစားသမားတွေဆီ ပေးအပ်ထားကြလိမ့်မယ်။ အိမ်ကွင်းမှာ အနိုင်ကစားပြီး ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်မယ့်အခွင့်အရေးက မယုံကြည်နိုင်စရာကောင်းတဲ့ အခွင့်အရေးပါပဲ” လို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။ 

လီဗာပူးအသင်းဟာ မေလ ၁၈ ရက်မှာ ဆောက်သမ်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့ မန်စီးတီးက နောက်ဆုံးပွဲစဉ်မတိုင်ခင် ချန်ပီယံဖြစ်သွားမှာပါ။

7 months Ago
More News
Up